Log in
updated 8:01 AM UTC, Dec 13, 2019
Headlines:

၂၀၁၉ မှာ အယ်လ်ဘမ်ရောင်းအား ၇သန်းနီးပါး ရရှိထားတဲ့ BTS

BTS အဖွဲ့ဟာ ၂၀၁၉ခုနှစ်အတွင်းမှာ အံ့ဩလောက်စရာ အယ်လ်ဘမ်ရောင်းအားကို ရရှိခဲ့ပါတယ်။ ဒီအယ်လ်ဘမ်ရောင်းအား ဆက်လက်မြင့်တက်သွားဦးမယ် ထင်ပါတယ်။

နာမည်ကျော် လူမှုဖိုရမ်တစ်ခုမှ ၂၀၁၉ အတွက် အယ်လ်ဘမ်ရောင်းအားစာရင်းအချက်အလက်အားလုံးကို စုဆောင်းခဲ့ပြီး BTS ဟာ အယ်လ်ဘမ်ရောင်းအား ၅.၉ သန်း ရရှိခဲ့တယ်လို့ သိရပါတယ်။ BTS ဟာ ‘Map of the Soul: Persona’ အယ်လ်ဘမ်နဲ့တင် ရောင်းအား ၃.၇သန်းနီးပါးရရှိခဲ့ပါတယ်။

 

ဒီစာရင်းဟာ ၂၀၁၉ မှာ ၇ သန်းဝန်းကျင်ထိ မြင့်တက်လာတဲ့ japanese အယ်လ်ဘမ်ရောင်းအားစာရင်းတွေကို ထည့်မထွက်ထားပါဘူး။

BTS ရဲ့ နောက်ထပ် အယ်လ်ဘမ်အသစ်ဟာ တစ်နှစ်အတွင်းမှာ ၁၀သန်း ဝန်းကျင်ထိ ရရှိနိုင်တယ်လို့ ပရိသတ်တွေက ခန့်မှန်းပေးနေကြပါတယ်။

Congratulations ပါ BTS ေရ။

#LAK/TheKpoptiems

Related Posts