Log in
updated 8:01 AM UTC, Dec 13, 2019
Headlines:

EXO အဖွဲ့ရဲ့ ဆဌမမြောက် အယ်လ်ဘမ်ကို လာမည့်လတွင် ဖြန့်ချိမည်

  •  
  •  Written by Micky
  •  Published in News

အောက်တိုဘာ ၂၉ ရက်မှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရ Kpop အင်အားကြီးအဖွဲ့ဖြစ်တဲ့ EXO ဟာ သူတို့ရဲ့ ဆဌမမြောက် အယ်လ်ဘမ်နဲ့ ပြန်လာတော့မှာ ဖြစ်ပါတယ်။

သတင်းတွေရဲ့အဆိုအရ ဆဌမမြောက် အယ်လ်ဘမ်နဲ့ ပြန်လာမယ့် EXO အဖွဲ့ရဲ့ Comeback ဟာ လာမယ့်နိုဝင်ဘာလကုန်ပိုင်းလောက်မှာ ပြုလုပ်မယ်လို့ အတည်ပြုထားပြီး လက်ရှိမှာ စစ်မှုထမ်းဆောင်နေကြတဲ့ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Xiumin နဲ့ D.O တို့ မပါဘဲ ပြန်လာမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

EXO အဖွဲ့ဟာ 'EXO PLANET #5 - EXplOration' ဖျော်ဖြေပွဲတွေကို ကမ္ဘာတစ်ဝန်းမှာ ပြုလုပ်နေပါတယ်။