Log in
updated 8:01 AM UTC, Dec 13, 2019
Headlines:

တိတ်တဆိတ်ပဲပြုလုပ်သွားမယ့် Sulli ရဲ့ဈာပန

ကွယ်လွန်သွားပြီဖြစ်တဲ့ f(x) အဖွဲ့ဝင်ဟောင်း Sulli ရဲ့ဈာပနနဲ့ပတ်သက်ပြီး SM အေဂျင်စီမှ တရားဝင်ကြေညာချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။

မိသားစုဝင်များမှ Sulli ရဲ့ဈာပနကို တိတ်ဆိတ်စွာပဲပြုလုပ်ချင်တာကြောင့် မီဒီယာများကိုလည်းထိန်းသိမ်းရန်အတွက် ဈာပနပြုလုပ်ရာနေရာကို လျှို့ဝှက်ထားမှာဖြစ်ပါတယ်။

"ဈာပနပို့ဆောင်မယ့်သူတွေနဲ့ မိသားစုဝင်တွေက ဒါကိုအလိုမရှိပါဘူး ၊ သဘောထားကြီးစွာနဲ့နားလည်ပေးဖို့အတွက် သတင်းသမားတွေကို တောင်းဆိုပါတယ် ၊

Sulli ရဲ့နောက်ဆုံးခရီးကိုအေးချမ်းစေဖို့အတွက် ပူးပေါင်းဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်" လို့ SM မှပြောကြားပါတယ်။

နှမြောလွန်းလို့ အခုထိကို မယုံနိုင်သေးပါဘူး။ တောင်ကိုရီးယားရဲ့ ကြယ်ပွင့်လေးတစ်ပွင့် ကြွေခဲ့ရပြန်ပါပြီ။ ခံစားခဲ့ရတဲ့ နာကျင်မှုတွေကိုအဆုံးသတ်ရင်း အေးချမ်းစွာအနားယူပါတော့ Sulli ရေ။

LAK/TheKpoptimes