Log in
updated 6:01 AM UTC, Nov 15, 2019
Headlines:

Billboard 200 ရဲ့ထိပ်ဆုံးမှာရပ်တည်နေခဲ့တဲ့ SuperM

SM ရဲ့အဖွဲ့သစ် SuperM အဖွဲ့ဟာ Billboard 200 Albums Chart ရဲ့ထိပ်ဆုံးမှာ ရပ်တည်နေခဲ့ပါတယ်။

SuperM ရဲ့ပွဲဦးထွက်အယ်လ်ဘမ်ဟာ Summer Walker ကိုကျော်လွန်ပြီး unit ပေါင်း ၁၆၈,၀၀၀ နဲ့ Billboard 200 ရဲ့နံပါတ် ၁ မှာနေရာယူခဲ့ပါတယ်။ SuperM ဟာ SM ဖျော်ဖြေရေးကုမ္ပဏီနဲ့ USA ရဲ့ CMG ကြား ပရောဂျက်ပူးပေါင်းမှုတစ်ခုဖြစ်ပါတယ်။ SuperM ရဲ့ပွဲဦးထွက်အယ်လ်ဘမ်မှာတော့ "Jopping" ၊ "I Can't Stand the Rain" ၊ "2 Fast" ၊ "Super Car" ၊ "No Manners" ဆိုတဲ့သီချင်းတွေပါဝင်ပါတယ်။

'Billboard 200' မှာ နံပါတ် ၁ ရခဲ့တဲ့အတွက် ကျွန်တော်တို့အရမ်းပျော်ပါတယ် ၊ ဒါကိုရရှိခဲ့တဲ့အတွက် ကျွန်တော်တို့ဝမ်းသာပါတယ် ၊

ကျွန်တော်တို့ရဲ့ပရိုမိုးရှင်းတွေကနေ အကောင်းမွန်ဆုံးဆောင်ရွက်မှုတွေကို ပြသသွားပါမယ်" လို့ SuperM မှပြောပါတယ်။

အောင်မြင်မှုတွေကတော့ တစ်ခုပြီးတစ်ခုပါပဲနော်။
Congratulations ပါ SuperM ရေ။

LAK/TheKpoptimes