Log in
updated 6:01 AM UTC, Nov 15, 2019
Headlines:

သေဆုံးလျှက်တွေ့ရှိရတဲ့ f(x) အဖွဲ့ဝင်ဟောင်း Sulli

f(x) အဖွဲ့ဝင်ဟောင်း Sulli ကိုသေဆုံးလျှက်တွေ့ရှိရတယ်ဆိုတဲ့သတင်းကို ရဲဌာနမှလက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။

တောင်ကိုရီးယားစံတော်ချိန် ညနေ ၄ နာရီခန့်မှာသေဆုံးခဲ့တာဖြစ်တယ်လို့ သတင်းတွေထွက်ရှိနေပါတယ်။

Seongnam ရဲဌာနမှပြောကြားချက်အရ ညနေ ၄:၃၀ ခန့်မှာ Sulli ဟာသူ့ရဲ့တိုက်ခန်းမှာသေဆုံးနေတာကို မန်နေဂျာမှတွေ့ရှိပြီး ရဲကိုအကြောင်းကြားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

Sulli ဟာ ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်ခဲ့တာလို့သိရပါတယ်။ သေတမ်းစာချန်ခဲ့ခြင်းရှိမရှိနဲ့ အသေးစိတ်ကို ရဲတွေမှစစ်ဆေးနေတယ်လို့ သိရပါတယ်။

SM ဖက်ကတော့ ဘာတုံ့ပြန်ချက်မှထွက်မလာသေးပါဘူး။

မဟုတ်ပါစေနဲ့လို့ပဲဆုတောင်းနေမိပါတယ်။

LAK/TheKpoptimes