Log in
updated 6:01 AM UTC, Nov 15, 2019
Headlines:

"Worldwide iTunes Album Chart" ရဲ့ထိပ်ဆုံးက SuperM

K-Pop ရဲ့ "Avengers" လို့သတ်မှတ်ခံထားရတဲ့ SuperM အဖွဲ့ဟာ ပွဲဦးထွက်ခဲ့ပြီဖြစ်ပြီး ကမ္ဘာအနှံ့အပြားမှာ အောင်မြင်မှုတွေရရှိနေပါတယ်။

SuperM ဟာ "Worldwide iTunes Album Chart" နဲ့ အခြား ၃၁နိုင်ငံက iTunes chart တွေရဲ့ထိပ်ဆုံးမှာ ရပ်တည်နေခဲ့ပါတယ်။

ဒါတင်မဟုတ်သေးပဲ အခြားနိုင်ငံတွေရဲ့ chart တွေမှာလည်း မြင့်မားတဲ့အဆင့်တွေမှာ ရပ်တည်နေပါတယ်။

Super M Cover 2

SuperM ဟာ နောက်ထပ် chart တွေရဲ့ထိပ်ဆုံးမှာလည်း နေရာယူကြဦးမယ်လို့ ပရိသတ်တွေက ခန့်မှန်းနေကြပါတယ်။

Super M Cover 3

 

ပွဲဦးထွက်အောင်မြင်မှုတွေအတွက် Congratulations ပါနော် SuperM ရေ။

 

LAK/TheKpoptimes