Log in
updated 6:01 AM UTC, Nov 15, 2019
Headlines:

Lee Do Hyun ရဲ့ဒရာမာရိုက်ကွင်းကို ကော်ဖီကားပို့ပေးခဲ့တဲ့ IU

အဆိုတော် ၊ မင်းသမီးချောလေး IU ဟာ မင်းသား Lee Do Hyun ရဲ့ဒရာမာအသစ်ရိုက်ကွင်းကို ကော်ဖီကား ပို့ပေးခဲ့ပြီး Lee Do Hyun မှကျေးဇူးတင်ကြောင်း အင်စတာဂရမ်မှာတင်ခဲ့ပါတယ်။ IU နဲ့ Lee Do Hyun တို့ဟာ "Hotel Del Luna" ဒရာမာထဲမှာ အတူပါဝင်ခဲ့ကြတာဖြစ်ပါတယ်။

ကော်ဖီကား ရှေ့မှာရိုက်ထားတဲ့ဓာတ်ပုံတွေနဲ့အတူ Lee Do Hyun မှ "ပိုးစုန်းကြူ း ပြန်မွေးဖွားလာပြီ ၊ ကျေးဇူးတင်ပါတယ် ချစ်ရတဲ့အစ်မ ၊ # ဒီ cart ကရော 'အရသာရှိတဲ့အစားအစာစားပြီး သေသွားကြသူများ' မှာပါလား #တစ်ကိုက်တည်း" ဆိုတဲ့စာကိုရေးထားပါတယ်။

ကော်ဖီကားမှာတော့ IU က "ဒါရိုက်တာ Lee Eung Bok နဲ့ မင်းသား Lee Do Hyun ကိုအရမ်းအားပေးနေပါတယ် ၊ 'Sweet Home' fighting! ၊ "ပိုးစုန်းကြူ း နောက်ဆုံးတော့ မင်းရဲ့ 'Sweet Home' ကိုရှာတွေ့သွားပြီလား?" လို့ရေးထားပါတယ်။

Lee Do Hyun ဟာ 'Hotel Del Luna' ဒရာမာထဲမှာ Go Chung Myung ဆိုတဲ့ဇာတ်ကောင်နဲ့ ပရိသတ်တွေရဲ့အားပေးခြင်းကိုခံခဲ့ရပါတယ်။ လတ်တလောမှာတော့ tvN ရဲ့ဒရာမာအသစ် 'Sweet Home' မှာပါဝင်ရိုက်ကူးနေတာဖြစ်ပါတယ်။

Hotel Del Luna ထဲက ပိုးစုန်းကြူ းလေးကိုရော သတိရကြသေးရဲ့လား?

LAK/TheKpoptimes