Log in
updated 6:01 AM UTC, Nov 15, 2019
Headlines:

အစ်မရဲ့ လက်ထပ်ပွဲမှ ဓာတ်ပုံတွေကို ဝေမျှလိုက်တဲ့ BIGBANG အဖွဲ့ဝင် G-Dragon

BIGBANG အဖွဲ့ဝင် G-Dragon ဟာ မင်းသား ကင်မင်ဂျွန်းနဲ့ လက်ထပ်ခဲ့တဲ့ အစ်မဖြစ်သူ ဒါမီဂွမ်အတွက် ချစ်ခြင်းမေတ္တာတွေကို ပြသခဲ့ပါတယ်။ စစ်မှုထမ်းဆောင်နေတဲ့ အဆိုတော် GD ဟာ အောက်တိုဘာ ၁၁ ရက်နေ့တုန်းက ဆိုးလ်မြို့ မှာပြုလုပ် ခဲ့တဲ့ အစ်မဖြစ်သူရဲ့သီးသန့်လက်ထပ်ပွဲကို တက်ရောက်ခဲ့ပါတယ်။

ပွဲအခမ်းအနားပြီးတဲ့နောက်မှာတော့ သူဟာ အဲ့ဒီပျော်ရွှင်ဖွယ်အခမ်းအနားက ဓာတ်ပုံနှစ်ပုံကို သူ့ရဲ့ အင်စတာဂရမ် အကောင့်ကနေတဆင့်မျှဝေခဲ့ပါတယ်။

အဲ့ဒီအထဲက ဓာတ်ပုံတစ်ခုမှာတော့ နှစ်ဖက်မိဘတွေနဲ့အတူ သတို့သားနဲ့ သတို့သမီးတို့ ရို်က်ကူးထားတာ ပါဝင်ပြီး နောက်တစ်ပုံမှာတော့ လက်ထပ်ပွဲမတိုင်မီ

GD နဲ့ သူ့ရဲ့ အစ်မတို့ကြားက ချိုသာတဲ့ အတန့်အချိန်လေးကို အမိအရဖမ်းယူထားခဲ့တာပဲ ဖြစ်ပါတယ်။

GDR 1 2

G-Dragon ကတော့ “အောက်တိုဘာသတို့သမီး တစ်ဦး” လို့ပုံစာထိုးခဲ့ပါတယ်။ GD ဟာ လာမယ့်

အောက်တိုဘာ ၂၆ ရက်ကျရင် စစ်မှုထမ်းတာဝန်တွေ ပြီးဆုံးတော့မှာပါ။

GDR 1 1

သတို့သားနဲ့ သတို့သမီးအတွက်လည်း ဂုဏ်ယူပါတယ်နော်။

John Micky/TheKoptimes