Log in
updated 6:01 AM UTC, Nov 15, 2019
Headlines:

သုံးမြွှာပူးလေးတို့ရဲ့ ချစ်စဖွယ် စာအရေးအသားများ

မင်းသား Song Il Gook ဟာ သူ့ရဲ့သားချောလေးတွေဖြစ်တဲ့ အမြွှာ၃ယောက် Daehan ၊ Minguk ၊ Manse တို့ရဲ့ဓာတ်ပုံလေးတွေကို ဝေမျှပေးခဲ့ပါတယ်။

ပုံလေးတွေမှာတော့ သူတို့၃ယောက်ရဲ့ပုံလေးနဲ့အတူ သူတို့ကိုယ်တိုင် စာရွက်တွေပေါ်မှာ ရေးထားတဲ့စာတွေကို မြင်တွေ့ရမှာပါ။ ဒီစာရွက်တွေကို သူတို့အဖေဆီယူပြခဲ့ကြတာပါတဲ့။

အကြီးဆုံးလေး Daehan ကတော့ ဒြပ်စင်တွေအကြောင်းကို ဇယားဆွဲထားပြီး အောက်ဆီဂျင်အကြောင်းကိုဖော်ပြထားတာတွေ့ရပါတယ်။ Minguk ကတော့ "နတ်ဘုရားတစ်ပါးဆိုတဲ့လူတစ်ယောက် ၊

အနက်ရောင်ဖီးနစ်ငှက်ရဲ့ ပြန်လည်ရှင်သန်ခြင်း" ဆိုတဲ့ခေါင်းစဉ်တစ်ခုကိုရေးထားပါတယ်။ Manse ကတော့ "ကိုရီးယားအက္ခရာတွေမရှိတဲ့စာအုပ်များ" ဆိုတဲ့ခေါင်းစဉ်နဲ့စာတွေကို ရေးထားပါတယ်။

"အဲ့ဒါက Hangul (Korean Alphabet) နေ့လိုပဲ Manse ရဲ့စာအုပ်ကြောင့် တကယ်ကိုရယ်ခဲ့ရတယ်" လို့ Song Il Gook ကပြောထားပါတယ်။

ဒီအမြွှာလေး ၃ယောက်ဟာ KBS ရဲ့ "The Return of Superman" အစီအစဉ်မှတစ်ဆင့်လည်း ပရိသတ်တွေရဲ့အချစ်တော်တွေဖြစ်လာခဲ့ပါတယ်။ အခုဆို တော်တော်လေးတောင် အရွယ်ရောက်လာကြပါပြီနော်။

LAK/TheKpoptimes