Log in
updated 6:01 AM UTC, Nov 15, 2019
Headlines:

မွေးနေ့မှာ နာမကျန်းဖြစ်နေတဲ့ကလေးတွေကို ကူညီဖို့ ဝမ်သန်း ၁၀၀ လှူဒါန်းခဲ့တဲ့ ဆူဇီ

  •  
  •  Written by Micky
  •  Published in News

ဆူဇီဟာ သူ့ရဲ့ အသက် ၂၆ နှစ်ပြည့်မွေးနေ့မှာ လိုအပ်နေတဲ့ နာမကျန်းကလေးငယ်တွေအတွက် ဝမ် သန်း ၁၀၀ လှူဒါန်းခဲ့ပါတယ်။

အောက်တိုဘာ ၁၀ ရက်မှာ ကိုယ်ကျိုးမဖက်အဖွဲ့ဖြစ်တဲ့ Life Share Association က ဆူဇီဟာသူ့ရဲ့ မွေးနေ့မှာ လှူဒါန်းမှုပြုလုပ်ခဲ့ပြီး အဲ့ဒီလှူဒါန်းငွေတွေကိုတော့ လိုအပ်နေတဲ့ ကလေးအရွယ် လူနာတွေအတွက် ငွေထောက်ပံ့မှုတွေအဖြစ် ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။


ဆူဇီဟာ ကင်ဆာရောဂါနဲ့ မိခင်ရဲ့လွှမ်းမိုးမှုကြောင့် တခြားကုသနိုင်ခြင်းမရှိတဲ့ရောဂါတွေ ခံစားနေရတဲ့ လူနာတွေကို ကူညီဖို့ ပရဟိတလုပ်ငန်းတွေအပေါ် အာရုံစိုက်ခဲ့တာပါ။ ၂၀၁၆ ခုနှစ်ကစလို့ ဆူဇီဟာ သူ့ရဲ့မွေးနေ့တိုင်းမှာ Life Share Association ကို ဝမ် သန်း ၁၀၀ လှူဒါန်းနေကျဖြစ်ပြီး ဝင်ငွေနိမ့်ပါးတဲ့ မိသားစုတွေ၊ ဆေးပညာဆိုင်ရာလိုအပ်ချက်တွေရှိနေတဲ့သူတွေကိုလည်း လှူဒါန်းခဲ့ပါတယ်။ ဟက်ပီဘတ်ဒေးပါ ဆူဇီရေ။