Log in
updated 8:01 AM UTC, Dec 13, 2019
Headlines:

မော်လ်ဒိုက်ဗ်ဆီ ဟန်းနီးမွန်းခရီးသွားမယ့် ဂန်နမ်းနဲ့ လီဆန်းဟွာ

  •  
  •  Written by Micky
  •  Published in News

ဂန်နမ်းနဲ့ လီဆန်းဟွာတို့ရဲ့ သူတို့ရဲ့ ဟန်းနီးမွန်းခရီးအတွက် မော်လ်ဒိုက်ဗ်ကို သွားရောက်မှာ ဖြစ်ပါတယ်။

ဂန်နမ်းနဲ့ အိုလံပစ် အမြန်စကိတ်စီးရွှေတံဆိပ်ဆုရှင် လီဆန်းဟွာတို့ဟာ လာမယ့် ၁၂ ရက်နေ့ကျရင် ဆိုးလ်မှာ ရှိတဲ့ ဟိုတယ်တစ်ခုမှာ လက်ထပ်ပွဲ ကျင်းပပြီးတဲ့နောက် မော်လ်ဒိုက်ဗ်ကို ခရီးသွားကြမှာ ဖြစ်တယ်လို့ အောက်တိုဘာ ၉ ရက်မှာ သတင်းဖော်ပြကြပါတယ်။

သူတို့နှစ်ယောက်ဟာ ကျက်သရေရှိတဲ့ လက်ထပ်ပွဲဓာတ်ပုံတွေကို ဖြန့်ချိလိုက်ပြီး သူတို့ရဲ့ တရားဝင် လက်ထပ်ခွင့်တောင်းတဲ့အစီအစဉ်နဲ့ စေ့စပ်ပွဲတို့ကို SBS ရဲ့ 'Same Bed, Different Dreams' ကဏ္ဍစုံအစီအစဉ်မှာ ရိုက်ကူးထားပြီး ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ဟန်းနီးမွန်းအတွက် အင်ဒိုနီးရှားနိုင်ငံက ကိုမိုဒိုကျွန်းနဲ့ အာဖရိကတို့ကို စဉ်းစားပြီးတဲ့နောက်မှာတော့ သူတို့မရောက်ဖူးသေးတဲ့ နေရာကို သွားချင်တာဖြစ်တဲ့အတွက် မော်လ်ဒိုက်ကို ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ သတင်းတွေမှာ ပါခဲ့ပြီးတဲ့အတိုင်းပဲ ဂန်းနမ်နဲ့ လီဆန်းဟွာတို့ဟာ SBS ရဲ့ 'Law of the Jungle' အစီအစဉ်မှာ အတူတူ ဆုံတွေ့ခဲ့ကြတာဖြစ်ပါတယ်။