Logo
Print this page

အပြုံးမျက်လုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ Red Velvet ရဲ့ Seulgi

Red Velvet အဖွဲ့ဝင် Seulgi ရဲ့အလယ်တန်းကျောင်းသူဘဝက ဓာတ်ပုံတွေဟာ အွန်လိုင်းပေါ်မှာ လူပြောများနေခဲ့ပါတယ်။ ဒီဓာတ်ပုံတွေထဲက ချစ်စရာကောင်းလှတဲ့ အပြုံးမျက်လုံးလေးတွေကြောင့်ပါ။

အခုအချိန်မှာလည်း လူပြောများတဲ့ အပြုံးချိုချိုလေးနဲ့ ချစ်စဖွယ်အပြုံးမျက်လုံးလေးတွေကို ဒီဓာတ်ပုံတွေထဲမှာ မြင်တွေ့ရပါတယ်။

Seulgi ပြုံးလိုက်တဲ့အခါ ဖြစ်ပေါ်လာတဲ့ လခြမ်းပုံမျက်လုံးလေးဟာ ပရိသတ်တွေရဲ့ရင်ထဲမှာ နေရာယူထားဖို့ အလုံအလောက်ပါပဲ။

အလယ်တန်းကျောင်းသူဘဝကဓာတ်ပုံတွေမှာ Seulgi ဟာ မိတ်ကပ်မလိမ်းထားတာတောင် လှနေစမြဲပါ။

SNIIII 2

ပရိသတ်တွေကတော့ "လှလိုက်တာ အခုလဲလှတယ်" ၊ "သူ့ရဲ့အပြုံးမျက်လုံးလေးတွေက အရမ်းချစ်ဖို့ကောင်းတယ်" စသဖြင့် ချီးမွမ်းနေကြပါတယ်။

အပြုံးမျက်လုံးပိုင်ရှင် Seulgi ရဲ့ဓာတ်ပုံလေးတွေကိုလည်း အောက်မှာကြည့်လို့ရပါတယ်နော်။

SNIIII ၃

LAK/TheKpoptimes

Copyright © 2018 The K-Pop Times Media, Myanmar. All Rights Reserved. Proudly presented by OrientWebs!