Log in
updated 8:01 AM UTC, Dec 13, 2019
Headlines:

ပရိသတ်တွေရဲ့ ဓာတ်ပုံရိုက်ဖို့တောင်းဆိုချက်ကို လှလှပပလေး ငြင်းတတ်တဲ့ မင်းသား ဂန်ဟာနူး

  •  
  •  Written by Micky
  •  Published in News

မင်းသား ဂန်ဟာနူးဟာ ပရိသတ်တွေက သူနဲ့အတူဓာတ်ပုံတွဲရိုက်ဖို့ တောင်းဆိုချက်ကို ငြင်းတဲ့ပုံစံလေး ကြောင့် အွန်လိုင်းလူမှုအသိုင်းအဝန်းတွေမှာ တော်တော်လေး လူပြောများနေတာကို တွေ့ရပါတယ်။

မကြာသေးခင်တုန်းက ပြုလုပ်ခဲ့တဲ့ ပွဲတစ်ခုမှာ ပရိသတ်တွေက သူနဲ့အတူ ဓာတ်ပုံရိုက်ဖို့ တောင်းဆိုနေတဲ့ ပုံကို ဓာတ်ပုံဖမ်းယူရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်မှာ ပရိသတ်တွေရဲ့ တောင်းဆိုချက်ကို လက်ခံနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် သူက တောင်းပန်ပါတဲ့အကြောင်း လက်အုပ်ချီပြီး တောင်းပန်ခဲ့ပါတယ်။

72441498 460090698049481 2753722289034887168 n

သူု့ရဲ့ အဲ့ဒီလိုစိတ်ရင်းနဲ့ တောင်းပန်ချက်ကြောင့် ပရိသတ်တွေက ပိုပြီး အားနာခဲ့ကြရပါတယ်။ တခြားပရိသတ်တစ်ဦးရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ခုမှာ ရှင်းရှင်းလင်းလင်း မြင်တွေ့ရတာကတော့ မင်းသား ဂန်ရဲ့ တောင်းပန်စိတ်နှလုံးသားပဲ ဖြစ်ပါတယ်။ ဒါကြောင့် မင်းသားဂန်ဟာနူးဟာ လက်အုပ်ချီပြီး တောင်းပန်တဲ့ အပြုအမူကြောင့် တောင်းပန်နတ်သားလေးဆိုပြီး နာမည်ကျော်နေခဲ့တာ ဖြစ်ပါတယ်။