Log in

ဂျပန် Comeback ပြင်ဆင်မှုမှာ ပါဝင်လာတဲ့ TWICE အဖွဲ့ဝင် Mina

  •  
  •  Written by Micky
  •  Published in News

ကျန်းမာရေး၊ စိုးရိမ်မှုလွန်ကဲမှုပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ TWICE အဖွဲ့ဝင် Mina ဟာ အဖွဲ့ရဲ့ နောက်ဆုံး ကိုရီးယား ဖြန့်ချိမှုဖြစ်တဲ့ “Feel Special” ဂီတဗီဒီယိုရိုက်ကူးမှုမှာ ပါဝင်ခဲ့ပေမယ့် သူ့ရဲ့ ကျန်းမာရေး အခြေအနေကြောင့် အဖွဲ့ရဲ့ ကျန်ရှိတဲ့ပရိုမိုးရှင်းတွေမှာ ပါဝင်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ကြေညာထားတဲ့အတိုင်း TWICE အဖွဲ့ဝင်တွေဟာ ဒီတစ်ကြိမ်မှာတော့ ဂျပန်နိုင်ငံမှာ Comeback လုပ်ဖို့အတွက် ပြင်ဆင်နေပြီဖြစ်ပါတယ်။ လာမယ့် နိုဝင်ဘာလ ၂၀ ရက်နေ့မှာတော့ သူတို့အဖွဲ့ဟာ &TWICE လို့အမည်ရတဲ့ ဒုတိယမြောက် ဂျပန်အယ်လ်ဘမ်ကို ဖြန့်ချိမှာဖြစ်ပြီး အဖွဲ့ဝင် Mina ကတော့ အခုပရိုမိုးရှင်းအတွက် ပြင်ဆင်မှုတွေမှာ ပါဝင်လာမှာဖြစ်ပြီး “Fake & True” ဆိုတဲ့ အယ်လ်ဘမ် ခေါင်းစီးတေးအတွက် ဂီတဗီဒီယိုကိုလည်း ရိုက်ကူးမှာလည်း ဖြစ်ပါတယ်။

အဖွဲ့ဝင်တွေနဲ့ ပရိသတ်တွေအတွက် Mina ရဲ့ ကျန်းမာရေးက အဓိကဖြစ်ပေမယ့် အခုလိုမျိုး တတ်နိုင်သလောက် အဖွဲ့ရဲ့ လုပ်ငန်းတွေမှာ ပါဝင်ဖို့ Mina ရဲ့ ကြိုးပမ်းမှုတွေမှာ ပါဝင်ဖို့ရှိတဲ့အတွက် တော်တော်လေးကို လေးစားဂုဏ်ယူနေကြတာပဲ ဖြစ်ပါတယ်။

သူနေမကောင်းတဲ့အချိန်မှာ အဖွဲ့ဝင်တွေက ချစ်ခင်အားပေးကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသလို သူအဆင်ပြေ နေထိုင်ကောင်းစေဖို့ ဆုတောင်းပေးခဲ့ကြတာကိုလည်း တွေ့ရပါတယ်။