Log in

Vitamin Brand Lemona အတွက် မော်ဒယ်အဖြစ် BTS အဖွဲ့ရွေးချယ်ခံရ

  •  
  •  Written by Micky
  •  Published in News

Kyungnam Pharm ကုမ္ပဏီရဲ့ Lemona ကုန်ပစ္စည်းအတွက် Brand မော်ဒယ်အဖြစ် BTS အဖွဲ့နဲ့ စာချုပ်ချုပ် လိုက်ပြီလို့ သိရပါတယ်။

အောက်တိုဘာ ၇ ရက်မှာ Lemona က BTS အဖွဲ့နဲ့အတူ ပိုမိုကျယ်ပြန်တဲ့ ကမ္ဘာ့ဈေးကွက်ကို ချဲ့ထွင်ဖို့ စီစဉ်ထားတဲ့အကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

brand model သဘောတူညီချက်ပိုင်းဆိုင်ရာ တာဝန်ယူထားတဲ့ ဒါရိုက် လင်ဒိုယောင်းက “BTS နဲ့အတူ ပရိုမိုးရှင်းတွေ မျိုးစုံနဲ့ ထိုးဖောက်ပြီး ကြော်ငြာတွေကို ထုတ်လုပ်ဖို့ အကောင်းဆုံး လုပ်ဆောင်သွားမှာပါ။ သူတို့တွေနဲ့ ကျွန်တော်တို့ရဲ့ စာချုပ်ကနေ ကျွန်တော်တို့ဟာ နိုင်ငံခြားဈေးကွက်တွေဆီ တက်တက်ကြွကြွ ချဲ့ထွင်ပြီး Lemona ကို ကမ္ဘာ့ထိပ်တန်းဗီတာမင် Brand ဖြစ်အောင် ပြုလုပ်မှာပါ။” လို့ ဆိုပါတယ်။

Lemona ဗီတာမက် သောက်စရာ အပါအဝင် BTS နဲ့အတူ ပူးတွဲ ထုတ်ကုန်တွေ ဖြန့်ချိဖို့ စီစဉ်ထားပါတယ်။ ဗီတာမင်သောက်စရာ ဈေးကွက်ကို ကျနော်တို့ရဲ့ သောက်စရာက ပြောင်းလဲနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။” လို့ဆိုပါတယ်။