Log in

BIFF 1st Asia Contents Awards ဆုပေးပွဲမှာ ထူးချွန်ဆုရရှိခဲ့တဲ့ ကင်ဂျေဂျွန်း

  •  
  •  Written by Micky
  •  Published in News

အဆိုတော်၊ မင်းသား ကင်ဂျေဂျွန်းဟာ အောက်တိုဘာ ၆ ရက်မှာ ကျင်းပခဲ့တဲ့ 1st Asia Contents Award ဆုပေးပွဲမှာ ထူးချွန်ဆု ရရှိခဲ့တကိုတွေ့ရပါတယ်။

အာရှရုပ်ရှင်ဈေးကွက်ရဲ့ အသစ်ဖန်တီးထားတဲ့ Asia Contents Awards ဆုပေးပွဲကို ဘူဆန်မြို့က Dongseo တက္ကသိုလ်မှာ ကျင်းပခဲ့ပါတယ်။

ဆုလက်ခံရယူချိန်မှာ ဂျေဂျွန်းက “ကျေးဇူးတင်ပါတယ်။ ဒီနေ့ဟာ Asia Contents Awards ရဲ့ ပထမဆုံး နှစ်ဖြစ်ပါတယ်။ ဒီလိုမျိုး ကြီးမားတဲ့ ဆုကို လက်ခံရရှိရတာ ကျနော်တကယ့်ကိုပဲ ဂုဏ်ယူရပါတယ်။ ကျနော် ကြည့်နေရင်းနဲ့ ဒီမှာ တကယ့်ကိုပဲထူးခြားတဲ့ လုပ်ငန်းတွေ၊ ဒါရိုက်တာတွေနဲ့ သရုပ်ဆောင်တွေ ရှိလို့ နောက်ထပ်တကြိမ် ဂုဏ်ယူမိပြန်ပါတယ်။ ဒီနေ့လူတိုင်းဟာ ဘူဆန်မြို့မှာ ပျော်ရွှင်စွာခံစားနိုင်ကြပါစေလို့ မျှော်လင့်ပါတယ်။ ပြီးတော့ BIFF ပွဲဟာလည်း ကမ္ဘာတဝန်းကနေ အချစ်တွေကို လက်ခံရရှိမယ်လို့မျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

အဲ့ဒီနောက် အစီအစဉ်တင်ဆက်သူက အများကြီးရောက်လာကြတဲ့ ပရိသတ်တွေအတွက် စကားနည်းငယ် ပြောဆိုခိုင်းခဲ့ပါတယ်။ သူ “အားလုံးပံ မင်္ဂလာပါ။ အားလုံးက အရမ်းလှနေပါတယ်။ နောက်မှတွေ့ပါမယ်။ ကျေးဇူး အရမ်းတင်ပါတယ်။” လို့ဆိုပါတယ်။ Cjes ကုမ္ပဏီကလည်း ကင်ဂျေဂျွန်းဆုရတဲ့အတွက် ဂုဏ်ယူမိကြောင်း Instagram မှာ ဗီဒီယိုတစ်ခုကို တင်ခဲ့ပါတယ်။