Log in

Chen hyung အတွက် အစီအစဉ်မှုးလုပ်ပေးခဲ့တဲ့ အငယ်ဆုံးလေး Sehun

EXO ရဲ့အငယ်ဆုံးအဖွဲ့ဝင်လေး Sehun ကတော့ အောက်တိုဘာ ၁ရက်နေ့က သူ့ Chen hyung ရဲ့အယ်လ်ဘမ်သစ်အတွက် မိတ်ဆက်ပွဲမှာ အစီအစဉ်မှုးလုပ်ပေးခဲ့ပါတယ်။

Sehun ဟာ သီချင်းဗီဒီယိုမှာ အဓိကအနေနဲ့ပါဝင်သရုပ်ဆောင်ဖို့ Chen ကသူ့ကိုမခေါ်ခဲ့တဲ့အကြောင်းကိုလည်း ပရိသတ်တွေကို ရယ်ရယ်မောမောနဲ့ ပြောပြနေခဲ့ပါတယ်။

အောက်တိုဘာလ ၂ရက်နေ့က Chen ဟာ "Noon Hope Radio" အစီအစဉ်မှာပါဝင်ခဲ့ပြီး Sehun ဟာ သူ့ရဲ့အစီအစဉ်မှုးဖြစ်လာပုံအကြောင်းကို ရှင်းပြခဲ့ပါတယ်။

EXO chen 3

"ကျွန်တော်တို့ကုမ္ပဏီမှာ အကူအညီတောင်းလို့ရတဲ့သူတွေအများကြီးရှိပါတယ် ၊ ဒါပေမယ့် သူတို့ကိုအကူအညီတောင်းဖို့ ကျွန်တော်နည်းနည်းအားနာပြီးတော့ ရှက်သလိုခံစားရတယ် ၊ ကျွန်တော်နဲ့သူငယ်ချင်းတွေတောင်မဟုတ်ပဲ ရုတ်တရက် အကူအညီ တောင်းတာကမမှန်ဘူးလို့ထင်တယ် ၊ ကျွန်တော်တို့အဖွဲ့ဝင်တွေကလည်း အဲ့ဒီရက်တွေမှာ လှုပ်ရှားမှုတွေလုပ်နေပြီး သူတို့အလုပ်များနေကြတယ် အဲ့ဒါကြောင့် ကျွန်တော်အားနာတယ် ၊

EXO chen 4

တကယ်တော့ ကျွန်တော် ကိုယ်တိုင် ပဲကြိုး စားကြည့် ဖို့လုပ်ခဲ့တယ် ၊ တစ်နေ့ concert ပြီးသွားတော့ဟိုတယ်ပြန်နေတုန်း Sehun ကမေးတယ် 'Hyung, hyung အတွက်အစီအစဉ်တင်ဆက်ပေးဖို့လူရှိလား?'လို့ ကျွန်တော်က 'မရှိဘူး ၊ ငါကိုယ်တိုင်ပဲကြိုး စားကြည့်ဖို့ လုပ်နေတယ်' လို့ပြောလိုက် တယ် ၊ သူက 'ဘာလို့တစ်ယောက်ထဲလုပ်မှာလဲ?' ဆိုပြီး ကျွန်တော့်အတွက်လုပ်ပေးမယ်လို့ပြောတယ် ၊ အဲ့လိုလုပ်ဖို့ပြောတဲ့သူက သူပထမဆုံးပါ ၊ ကျွန်တော်တကယ်ခံစားခဲ့ရတယ်" လို့ Chen ကပြောပြ ခဲ့ပါတယ်။

အငယ်ဆုံးလေးကတော့ hyung တွေဆီက သဲသဲလှုပ်အချစ်ခံရတာ ဒီလိုအပြုအမူလေးတွေကြောင့် ဖြစ်မယ်ထင်ပါတယ်နော်။

LAK/TheKpoptimes