Log in

“Strangers From Hell” စီးရီး နောက်ဆုံးပိုင်း 19+ ဖြစ်ဖွယ်ရှိ

  •  
  •  Written by Micky
  •  Published in News

OCN ရုပ်သံလိုင်းဟာ “Strangers from Hell” ဒရာမာရဲ့ နောက်ဆုံးအပိုင်းကို အသက် ၁၉ နှစ်အထက်မှ ကြည့်ရမယ့် 19+ ဗားရှင်းအဖြစ် ပြသဖို့ရှိနေတယ်လို့ဆိုပါတယ်။

ပထမဆုံး အပိုင်း ကိုးပိုင်းကို ပြသခဲ့ရာမှာတော့ အင်စီဝမ်နဲ့ လီဒုံဝုတို့ ခေါင်းဆောင်ပါဝင်ထားကြတဲ့ အဲ့ဒီသည်းထိတ်ရင်ဖို ရုပ်ရှင်ဟာ 15+ သာ ရှိခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ကိုရီးယားမီဒီယာ TV Report ရဲ့ သတင်းအသစ်အရ အဲ့ဒီဒရာမာရဲ့ နောက်ဆုံးအပိုင်းဖြစ်တဲ့ အပိုင်း ၁၀ ဟာ 19+ ဖြစ်မယ်လို့ သိရပါတယ်။

နာမည်ကျော် Webtoon တစ်ခုကို အခြေခံရိုက်ကူးထားတဲ့ “Strangers from Hell” စီးရီးဟာ ဆိုးလ်မြို့ကို ပြောင်းရွှေ့လာတဲ့ ယွန်းဂျောင်ဝူးဆိုတဲ့ လူငယ်လေးရဲ့ ငရဲခန်းအတွင်း ပိတ်မိခဲ့တဲ့အခြေအနေတစ်ခုကို ဇာတ်အိမ် တည် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ နောက်ဆုံးအပိုင်းမှာတော့ ယွန်းဂျောင်ဝူး ဇာတ်ကောင်ရဲ့ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲကနေ ငရဲခန်းလိုလှိုင်းထန်တဲ့ အခြေအနေတွေကို အဓိကထား ဖော်ပြမှာပဲ ဖြစ်ပါတယ်။

ထုတ်လုပ်ရေးအရေအသွေးကို တိုးမြှင့်ရန်၊ စာရေးသူနဲ့ ဒါရိုက်တာတို့ရဲ့ ရည်ရွယ်ချက်တွေကို ဖော်ပြဖို့ ထုတ်လုပ်သူတွေက နောက်ဆုံးအပိုင်းကို Rating တင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ “Strangers from Hell” နောက်ဆုံးအပိုင်ဒကို အောက်တိုဘာ ၆ ရက်နေ့မှာ ထုတ်လွှင့်မှာ ဖြစ်ပါတယ်။