Log in
updated 8:01 AM UTC, Dec 13, 2019
Headlines:

IU နဲ့အတူ သီချင်းအတူတွဲဆိုချင်တယ်လို့ Chen ပြောဆို

  •  
  •  Written by Micky
  •  Published in News

မကြာသေးခင်က ထုတ်လွှင့််ခဲ့တဲ့ SBS PowerFM ရဲ့ “Choi Hwajung’s Power Time” အစီအစဉ်မှာ EXO အဖွဲ့ဝင် Chen က သူနဲ့အတူ သီချင်းဆိုလိုတဲ့ Kpop အိုင်ဒေါအကြောင်းကို ဝေမျှပြောဆိုခဲ့ပါတယ်။

Chen က မင်းသမီးနဲ့အဆိုတော် IU နဲ့အတူ သီချင်းအတူတွဲဆိုလိုတယ်လို့ ပြောဆိုခဲ့ပါတယ်။ EXO ရဲ့ အသံဘုရင်က IU ရဲ့ သီချင်းတွေကို နားထောင်နေရင်း သူ့ရဲ့ တကိုယ်တော်အတွက် အများကြီးလေ့လာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီအစီအစဉ်ကို နားဆင်ခဲ့သူတစ်ဦးကတော့ Chen နဲ့ IU တို့ဟာ အသံလိုက်ဖက်မှုရှိတာကြောင့် အထူးကောင်းမွန်မှာဖြစ်တယ်လို့ မှတ်ချက်ပေးပါတယ်။ ပြီးတော့ Chen ရဲ့ အိပ်မက် အမှန်တကယ် ဖြစ်လာပါစေလို့လည်း ဆုတောင်းပေးခဲ့ပါတယ်။ ကဲ သင်တို့ရော ဘယ်လိုထင်ပါသလဲ။ သူတို့နှစ်ယောက်သာ အတူ တွဲဆိုမယ်ဆိုရင် အဲ့ဒီသီချင်းလေးက ဘယ်လောက်တောင်မိုက်နေလိုက်မလဲ။ အားပေးကြမယ်မဟုတ်လား။