Log in
updated 8:01 AM UTC, Dec 13, 2019
Headlines:

"Xiumin hyung ကကျွန်တော့်အကြောင်းကို အမြဲနားထောင်ပေးသူပါ" ဆိုတဲ့ Chen

အောက်တိုဘာလ ၃ရက်နေ့မှာ Chen ဟာ တစ်ကိုယ်တော်အယ်လ်ဘမ်အသစ်အကြောင်း ဆွေးနွေးဖို့ရန်အတွက် KBS Cool FM ရဲ့ 'Jung Eunji's Gayo Plaza' အစီအစဉ်မှာ ဧည့်သည်တစ်ယောက်အနေနဲ့ ပါဝင်ခဲ့ပါတယ်။

စကားပြောနေကြရင်းမှာပဲ Eunji မှ "မင်းဝိတ်ကျသွားနဲ့တူတယ်" လို့ပြောတဲ့အခါ Chen မှ "ကျွန်တော် ပုံမှန်အားဖြင့် ဝိတ်ချလေ့မရှိပါဘူး ၊ ကျွန်တော်က အလွယ်တကူဝိတ်တက်တဲ့ပုံစံမဟုတ်ဘူး ၊ ဒါပေမယ့် ဒီအယ်လ်ဘမ်အတွက်ပြင်ဆင်နေရင်း ဝိတ်နည်းနည်းကျသွားတယ်လို့ ကျွန်တော်ထင်တယ်" လို့ပြန်ပြောပြခဲ့ပါတယ်။

ဒုတိယမြောက်အယ်လ်ဘမ် 'Dear my Dear' ရဲ့သီချင်း ၆ပုဒ်လုံးကိုနားထောင်ပြီးနောက်မှာတော့ Chen ကို ပြဿ နာတစ်ခုခုဖြေရှင်းရာမှာ အမြဲတမ်း ယုံယုံကြည်ကြည်နဲ့တိုင်ပင်ဖြစ်တဲ့လူကိုမေးတဲ့အခါ "မင်းလူတွေနဲ့စကားပြောတဲ့အခါ တစ်ချို့က မင်း စကားကိုနားထောင်ပေးရုံနဲ့ကျေနပ်ကြပြီး တစ်ချို့ကမင်းစကားကိုနားထောင်ပေးပြီး သူတို့ရဲ့အမြင်တွေကို ပြန်ပြောပြတယ် ၊ Xiumin hyung က ကျွန်တော့်အကြောင်းတွေကို အမြဲတမ်းနားထောင်ပေးတဲ့သူပါ ၊ ကျွန်တော် သူ့ကိုအမြဲတမ်းကျေးဇူးတင်တယ် ၊ EXO အဖွဲ့ဝင်တွေအပြင် Paul Kim ၊ Go Young Bae ၊ Jo Jung Chi ၊ Yang Da Il ၊ Sam Kim တို့နဲ့လည်း ကျွန်တော်ရင်းနှီးပါတယ်" လို့ Chen ကပြောပါတယ်။

နေ့စဉ်လှုပ်ရှားမှုတွေကြားထဲမှာ ဘယ်အရာက သူ့ကိုခွန်အားဖြစ်စေလဲလို့ Chen ကိုမေးတဲ့အခါ "Park Hyo Shin ရဲ့ "Lovers" သီချင်းပါ ၊ ကျွန်တော်ကအမြဲတမ်းပရိသတ်ပါ ၊ ကျွန်တော်ပင်ပန်းလာတဲ့အခါ ကျွန်တော့်ကို အားပေးစေတဲ့သီချင်း တစ်ပုဒ်ပါ ၊ တစ်နေ့တာရဲ့အချိန်ဇယားတွေပြီးဆုံးပြီး ခေါင်းထဲမှာအတွေးတွေများလာရင် အချိန်တစ်ချို့ကို ကုစားချင်လာရင် ဒီသီချင်းကိုနားထောင်ပါတယ် ၊ ကျွန်တော့်ကိုစိတ်ခွန်အားပေးတဲ့တစ်ခြားအရာတွေကတော့ တစ်ယောက် တည်းအရက် သောက်တာ ပါ ၊ ဘီယာ ၊ ဝိုင် ၊ ဝီစကီ တို့လိုမျိုး အရက်အမျိုးအစားအားလုံးကို ကျွန်တော်ကြိုက်ပါတယ်" လို့ Chen မှပြောပြပေးခဲ့ပါတယ်။

ပင်ပန်းခက်ခဲမှုတွေဆိုတာကတော့ လူတိုင်းတွေ့ကြုံနေကြစမြဲပါ။ နာမည်ကျော်အနုပညာရှင်တွေဆိုတာလည်း ဒီလိုပါပဲ။ ပရိသတ်တွေဆိုတာလည်း သူတို့အတွက် အကြီးမားဆုံးခွန်အားတစ်ခုဆိုတာမမှားပါဘူး။ ရှေ့လျှောက်လည်း သူတို့ကို ဆက်လက်အားပေးကြရအောင်နော်။

LAK/TheKpoptimes