Log in
updated 6:01 AM UTC, Nov 15, 2019
Headlines:

'Reply' ဇာတ်လမ်းတွဲရဲ့ဇာတ်ကောင်နဲ့အလိုက်ဖက်ဆုံး idol အဖြစ် မဲပေးခံခဲ့ရတဲ့ BLACKPINK ရဲ့ Jisoo

BLACKPINK အဖွဲ့ဝင်  Jisoo ဟာ နာမည်ကျော် TV ဇာတ်လမ်းတွဲ 'Reply' မှာပါဝင်သရုပ်ဆောင်မယ့် အမျိုးသမီးဇာတ်ကောင်အတွက် ပရိသတ်တွေရဲ့မဲပေးရွေးချယ်မှုကို ခံခဲ့ရပါတယ်။

K-Pop voting app IDOL CHAMP မှ ကိုရီးယားဇာတ်လမ်းတွဲတွေ ၊ webtoon တွေ နဲ့ ရုပ်ရှင်တွေအတွက် အလိုက်ဖက်ဆုံးဖြစ်မယ့် idol တွေကိုမဲပေးရွေးချယ်တဲ့ ပြိုင်ပွဲစစ်တမ်းကို ပရိသတ်တွေအတွက် ဖွင့်ပေးခဲ့ပါတယ်။

'Reply' ဇာတ်လမ်းတွဲဟာ လူကြိုက်အများဆုံး တောင်ကိုရီးယားဇာတ်လမ်းတွေထဲက တစ်ခုဖြစ်တယ်ဆိုတာ အသေအချာပါပဲ။ ဒီဇာတ်လမ်းတွဲဟာ ပရိသတ်တွေအတွက် ထူးခြားတဲ့ဇတ်ကြောင်းဇာတ်ကွက်တွေပါရှိပါတယ်။ 'Replay 1997' ၊ 'Reply 1994' နဲ့ 'Reply 1988' ဆိုတဲ့ season ၃ခုလုံးဟာ အတော်ကိုကျော်ကြားခဲ့ပါတယ်။

jisso 4

ဒီဇာတ်လမ်းတွဲတွေရဲ့ အမျိုးသမီးဇာတ်ကောင်ဟာ ချစ်စရာကောင်းတဲ့သူငယ်ချင်းတွေနဲ့အတူပေါင်းသင်းပြီး ကြံ့ခိုင်သူ ၊ လွတ်လွတ်လပ်လပ်နေသူ ၊ နှစ်လိုဖွယ်ကောင်းသူဖြစ်ပါတယ်။

Jisoo ဟာ ဒီဇာတ်ကောင်နဲ့လိုက်ဖက်သူဖြစ်တယ်လို့ ပရိသတ်တွေက မဲပေးခဲ့ကြပါတယ်။ Jisoo ဟာ ချစ်စရာကောင်းတဲ့မျက်နှာသွင်ပြင်လေးနဲ့ ပြုံးလိုက်တိုင်း နှစ်လိုဖွယ်ကောင်းတဲ့ အသဲပုံနှုတ်ခမ်းလေးကြောင့် သဲသဲလှုပ် အချစ်ခံနေရတဲ့ idol တစ်ယောက်ဖြစ်ပါတယ်။ 'Reply' ဇာတ်လမ်းတွဲရဲ့ဇာတ်ကောင်နဲ့ကိုက်ညီတဲ့ ချစ်စရာကောင်းပုံ ကအစ ပျော်ပျော်နေတတ်ပုံတွေလို ပုံစံအမျိုးမျိုးကို Jisoo ဆီမှာ မြင်တွေ့နေခဲ့ရတာဖြစ်ပါတယ်။

jisso 2

ဒီမဲပေးမှုရလဒ်မှာ Jisoo ရဲ့နောက်မှာရှိနေကြသူတွေကတော့ T-ara ရဲ့ Jiyeon ၊ IZ*ONE ရဲ့ Yujin နဲ့ IU တို့ပဲဖြစ်နေပါတယ်။ IDOL CHAMP ရဲ့ မဲပေးမှုရလဒ်စစ်တမ်းအသေးစိတ်ကိုလည်း ကြည့်ရှုလို့ရပါတယ်နော်။

Congratulations ပါ ချစ်စရာကောင်းလွန်းတဲ့ Jisoo ရေ။

LAK/TheKpoptimes