Log in

တက္ကသိုလ်ပွဲတော်မှာ စကပ်လှန်ခဲ့တဲ့ အငြင်းပွားဖွယ် ဖြစ်ရပ်ကို HyunA ရှင်းလင်း

  •  
  •  Written by Micky
  •  Published in News

HyunA ဟာ တက္ကသိုလ် ပွဲတော်ဖျော်ဖြေမှုတခုအတွင်းမှာ စကပ်လှန်ခဲ့ပြီးတဲ့နောက် ဖြစ်ပေါ်ခဲ့တဲ့ အငြင်းပွားမှုတွေကို ရှင်းလင်းတုံ့ပြန်ပြောဆိုခဲ့ပါတယ်။

စက်တင်ဘာ ၁၉ ရက်မှာ ကိုရီးယားလေကြောင်း တက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ပွဲတော်တစ်ခုမှာ မျှော်လင့်မထားတဲ့ HyunA ရဲ့ Fan Service ပေးပုံကို ရိုက်ကူးထားတဲ့ ဗီဒီယိုဟာ အင်တာနက်ပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ HyunA ဟာ စင်ပေါ်မှာ သူ့ရဲ့ တင်ပါးကို ပေါ်လွင်စေဖို့ စကပ်ကို ရုတ်တရက်လှန်ပြခဲ့တာကြောင့် နောက်ခံအကသမားနဲ့ ဖျော်ဖြေပွဲ လာတဲ့သူတွေက အံ့သြသင့်ခဲ့ကြရပါတယ်။ သူကတော့ ပျော်ရွှင်စေချင်လို့ ပြုလုပ်ခဲ့တာဖြစ်ပေမယ့် အဲ့ဒီထင်မှတ်မထားတဲ့ လှစ်ဟ ပြသမှုကြောင့် အငြင်းပွားဖွယ် ဖြစ်ခဲ့ရပါတယ်။

စက်တင်ဘာ ၂၀ ရက်နေ့မှာတော့ HyunA ဟာ အဲ့ဒီအငြင်းပွားဖွယ်ကိစ္စကို အင်စတာဂရမ်မှာ ရှင်းလင်းခဲ့ပြီး အဲ့ဒီပွဲပတ်ဝန်းကျင်အတွက် သူ့ရဲ့ လုပ်ရပ်က မသင့်လျော်တာမျိုး မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ သူက “ကျွန်မ မနေ့ကသွားခဲ့တဲ့ ပွဲတော်က တက္ကသိုလ်တစ်ခုမှာ ဖြစ်ပါတယ်။ အရက်သောက်နေကြတဲ့ ပုံမှန်ဘားရဲ့ ဘေးတစ်ခုမှာ ဖြစ်ပါတယ်။ လူတိုင်းက ပါတီလိုမျိုး ပျော်နေနိုင်တဲ့ ပါတီတစ်ခုဖြစ်ပါတယ်။ ကျေးဇူးပြုပြီး စိတ်လျှော့လိုက်ကြပါ။ စိတ်မပူကြပါနဲ့။” လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ အကဗီဒီယိုဖိုင်ကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။