Log in
updated 6:01 AM UTC, Nov 15, 2019
Headlines:

သတင်း Google မှာ ရှာဖွေမှုအများဆုံး Kpop အမျိုးသမီး အိုင်ဒေါ BLACKPINK အဖွဲ့ဝင် Jennie ဖြစ်လာ

  •  
  •  Written by 
  •  Published in News

BLACKPINK အဖွဲ့ဝင် Jennie ဟာ ၂၀၁၉ ခုနှစ် နှစ်လယ်ကာလအတွက် Google မှာ ရှာဖွေမှုအခံရဆုံး Kpop အမျိုးသမီး အိုင်ဒေါစာရင်းမှာ နံပါတ် ၁ နေရာကို ရယူထားနိုင်ခဲ့တယ်လို့ Google ကထုတ်ပြန်တဲ့ အဲ့ဒီဇယားမှာ ဖော်ပြထားပါတယ်။

ဒုတိယနေရာမှာတော့ IU ရှိနေပြီး တတိယနေရာမှာ BLACKPINK အဖွဲ့ဝင် Lisa ရှိနေပါတယ်။

စတုတ္ထနေရာမှာ MOMOLAND အဖွဲ့ဝင် Nancy ရှိနေပြီး ပဉ္စမနေရာမှာ BLACKPINK အဖွဲ့ဝင် Jisoo ရှိနေပါတယ်။ အဲ့ဒီနောက်ဆဌမနေရာမှာ Suzy၊ သတ္တမနေရာမှာ BLACKPINK အဖွဲ့ဝင် Rose တို့ရပ်တည်နေပါတယ်။

အဲ့ဒီနောက် TWICE အဖွဲ့ဝင် နှစ်ဦးဖြစ်တဲ့ Tzuyu နဲ့ Momo တို့က အစဉ်လိုက်ရပ်တည်နေပြီး ဒဿမနေရာမှာကတော့ SNSD အဖွဲ့ဝင် Taeyeon ရှိနေပါတယ်။.

BLACKPINK အဖွဲ့ဟာ ဆိုးလ်မြို့မှာရှိတဲ့ Olympic Hall Olympic Park မှ စက်တင်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီကနေ ညနေ ၆ နာရီအထိပြုလုပ်မယ့် ပရိသတ်တွေ့ဆုံပွဲကို ပြုလုပ်မှာဖြစ်ပါတယ်။

Uchunm/TheKpoptimes

Related Posts

Latest from Alfread