Log in
updated 6:01 AM UTC, Nov 15, 2019
Headlines:

Park Chanyeol တို့ငယ်ငယ်က ချုပ်ဆိုခဲ့ဖူးတဲ့ ပိုက်ဆံအချေးအငှားစာချုပ်

  •  
  •  Written by 
  •  Published in News

EXO အဖွဲ့ဝင် Chanyeol ဟာ အသက် ၁၄ နှစ်သာ ရှိသေးတဲ့အရွယ်မှာ နောင်တချိန် သတင်းတင်ဆက်သူ ဖြစ်လာမယ့် အမဖြစ်သူ ပတ်ယူရာထံကနေ ပိုက်ဆံချေးယူတဲ့အချိန်မှာ သူတို့နှစ်ဦးကြားချုပ်ဆိုခဲ့ကြတဲ့ စာချုပ်လေးဟာ တော်တော်လေး ဟာသဖြစ်ခဲ့ပါတယ်။

Chanyeol ဟာ သူ့ရဲ့ အင်စတာဂရမ်မှာ အမဖြစ်သူနဲ့ စာတိုပို့ထားတဲ့ ဓာတ်ပုံတစ်ခုကို တင်ခဲ့ပါတယ်။ Chanyeol ရဲ့အမက ပြန်ပြီးတော့ အရင်တုန်းကချုပ်ခဲ့ဖူးတဲ့ စာချုပ်ပုံကို ပို့လာပါတယ်။

exochan 2

အဲ့ဒီနောက် “ငါတို့နှစ်ယောက်ကြားမှာ ဘာမှပြောင်းလဲမသွားဘူး။” လို့ရေးခဲ့ပါတယ်။

အဲ့ဒီအခါ Chanyeol က အဲ့ဒါဘာလဲလို့ ပြန်ပြောခဲ့ပါတယ်။ Chanyeol ကတော့ ဓာတ်ပုံမှာ “တကယ့်ကိုပဲ စံထားထိုက်တဲ့ မောင်နှမဆက်ဆံရေး” လို့ တင်ခဲ့ပါတယ်။

အဲ့ဒီစာချုပ်ကို ဖတ်လိုက်မယ်ဆိုရင် တော်ော်လေးကို ရယ်ရပါတယ်။

exochan 3

အဲ့ဒီစာချုပ်ချုပ်ချိန်မှာ Chanyeol ဟာ အလယ်တန်းကျောင်းသားဖြစ်သူ ပတ်ယူရာကတော့ အထက်တန်းကျောင်းသူဖြစ်ပါတယ်။ သူတို့ရဲ့ ပိုက်ဆံအချေးအငှားစာချုပ်မှာတော့ အခုလိုဖော်ပြထားပါတယ်။

“စာချုပ်”

Park Chanyeol က PMP (Portable Music Player) ကို ရောင်းချပြီးရင် ရလာမယ့် ဝမ် ၁ သိန်း ၉ သောင်းထဲက ၉ သောင်းကို ပတ်ယူရာဆီကို ပြန်ပေးပါ့မယ်။ အဲ့ဒီနောက် ဝမ် ၈ သောင်း ကို ၁၁ လပိုင်း ၃၁ ရက်နေ့အထိနောက်ဆုံးထား အပြည့်ပြန်ပေးရပါ့မယ်။

ရက်ချိန်းကျော်သွားရင်တော့ အတိုးကို တစ်ရက် ဝမ် ၁ ထောင်နှုန်းနဲ့ ထပ်တိုးကောက်ခံသွားမှာဖြစ်ပါတယ်။ အဲ့ဒီစာချုပ်ကို ၂၀၀၇ ခုနှစ်၊ ၁၁ လပိုင်း ၁၆ ရက်နေ့မှာ ချုပ်ဆိုခဲ့တာဖြစ်ပြီး စာချုပ်ရဲ့အဆုံးမှာ သူတို့မောင်နှမ နှစ်ယောက်ရဲ့ လက်မှတ်ကိုတွေ့ရပါတယ်။

သူတို့မောင်နှမနှစ်ယောက်ဟာ ငယ်စဉ်ကလေးဘဝကတည်းက တကယ့်ကို ရင်းနှီးခဲ့ကြတဲ့ မောင်နှမတွေလို့လူသိများပါတယ်။ အင်တာဗျူးတစ်ခုမှာဆိုရင် ပတ်ယူရာက ကိစ္စသေးသေးမွှားမွှားလေးနဲ့တောင် သူတို့နှစ်ယောက် ရန်ဖြစ်လေ့ရှိကြတယ်လို့ ပြောခဲ့ဖူးပါတယ်။

 

Micky Yuchun/TheKpoptimes