Log in
updated 6:01 AM UTC, Nov 15, 2019
Headlines:

MTV ဂီတဆုပေးပွဲမှာ အကောင်းဆုံးအဖွဲ့လိုက်ဆုနဲ့ အကောင်းဆုံး Kpop ရရှိခဲ့တဲ့ BTS အဖွဲ့

  •  
  •  Written by 
  •  Published in News

BTS အဖွဲ့ဟာ ၂၀၁၉ ခုနှစ်အတွင် MTV ဂီတဆုပေးပွဲမှာ ဆုနှစ်ခုရရှိခဲ့ပါတယ်။

အဲ့ဒီဆုပေးပွဲကို သြဂုတ် ၂၆ ရက် အမေရိကန်စံတော်ချိန် ည ၈ နာရီမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး Halsey နဲ့အတူ ပူးတွဲသီဆိုထားတဲ့ “Boy With Luv” သီချင်းနဲ့ အကောင်းဆုံး Kpop ဆု၊ အကောင်းဆုံးအဖွဲ့လိုက်ဆုရရှိကြောင်း ကြေညာခံခဲ့ရတာဖြစ်ပါတယ်။

အကောင်းဆုံးအဖွဲ့လိုက်ဆုနဲ့ အကောင်းဆုံး Kpop ဆုအမျိုးအစားတွေကို ဒီနှစ်မှ စတင်ပေးအပ်ခဲ့တာဖြစ်လို့ BTS အဖွဲ့ဟာ အဲ့ဒီဆုတွေကို ပထမဆုံးရရှိခဲ့တဲ့ အဖွဲ့လည်း ဖြစ်လာခဲ့ပါတယ်။

BTS အဖွဲ့ဟာ လက်ရှိမှာ တရားဝင် အနားယူနေတာကြောင့် ဆုပေးပွဲကို တက်ရောက်နိုင်ခဲ့တာ မရှိပါဘူး။ BTS အတွက် ဂုဏ်ယူပါတယ်နော်။

Ucum/TheKpoptimes