Log in
updated 6:01 AM UTC, Nov 15, 2019
Headlines:

လေ့ကျင့်သူများ အေဂျင်စီမှ နုတ်ထွက်သွားပြီဆိုတဲ့သတင်းနှင့်ပတ်သက်၍ YG ၏ တုံ့ပြန်ချက်

  •  
  •  Written by 
  •  Published in News

YG အင်တာတိန်းမန့်ဟာ အေဂျင်စီရဲ့ လေ့ကျင့်သူတွေက အေဂျင်စီကနေ နုတ်ထွက်သွားပြီး တချို့တွေက လက်မှတ်တောင်ထိုးလိုက်ကြပြီဆိုတဲ့ သတင်းတွေကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။

သြဂုတ် ၂၇ ရက်အစောပိုင်းမှာ သတင်းမီဒီယာတစ်ခုဖြစ်တဲ့ EDaily ကနေ “Treasure Box” နဲ့ “Produce X 101” တို့မှာ ပါဝင်ခဲ့တဲ့ YG လေ့ကျင့်သူတွေဟာ YG အင်တာတိန်းမန့်ကနေ ပြောင်းရွှေ့ဖို့ တခြားအေဂျင်စီတွေနဲ့ ဆွေးနွေးနေပြီဆိုတဲ့သတင်းတွေကို ဂီတလုပ်ငန်းအရင်းအမြစ်တွေဆီကနေ ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

အဲ့ဒီသတင်းတွေကြောင့် YG အင်တာတိန်းမန့်က “ဝန်ထမ်းတွေအားလုံးဟာ ပုံမှန်အတိုင်းပဲ အလုပ်လုပ်နေကြပါတယ်။ အစီအစဉ်တွေကတော့ နောက်ဆုတ်တာမျိုးမရှိဘဲ အချိန်ဇယားအတိုင်း လုပ်ဆောင်နေပါတယ်။” လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကတော့ TREASURE 13 ရဲ့ ပွဲဦးထွက် ပရောဂျက်ကို ရွှေ့ဆိုင်းခဲ့ပြီး YG အင်တာတိန်းမန့်ကတော့ အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့ ပြောစရာမရှိဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

Uchum/Thekpoptimes

Latest from Alfread