Log in

ရိုက်ကူးရေးလုပ်နေစဉ်မှာတောင် အန်ဂျယ်ယောင်းနဲ့ ဂူဟေဆွန်းတို့ နာရီနဲ့ချီပြီး ရန်ဖြစ်ခဲ့ဟုဆို

  •  
  •  Written by Micky
  •  Published in News

Channel A ရုပ်သံမှာ Rumor Has It အစီအစဉ်ရဲ့ မကြာသေးခင်က ထုတ်လွှင့်ခဲ့တဲ့အပိုင်းမှာ အန်းဂျယ်ယောင်းနဲ့ ဂူဟေဆွန်းတို့ရဲ့ ရှေ့ဆက်လုပ်ဆောင်ဖွယ်ရှိတဲ့ ကွာရှင်းမှုပြဿနာအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။

သူတို့အဖွဲ့က အန်းဂျယ်ယောင်းနဲ့ ဂူဟေဆွန်းတို့ ပါဝင်ခဲ့တဲ့ “Newlyweds Diary” အစီအစဉ်ရဲ့ ထုတ်လုပ်သူတစ်ဦးကို အဲ့ဒီအစီအစဉ်မှာပါဝင်ခဲ့စဉ်က သူတို့နှစ်ယောက်ဟာ ပြည့်စုံတဲ့လိုက်ဖက်မှု ရှိ၊ မရှိမေးမြန်းခဲ့ကြပါတယ်။ သူတို့စုံတွဲနှစ်ယောက်ဟာ ၂၀၁၆ ခုနှစ် မေလမှာ လက်ထပ်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ခဲ့တဲ့ အဲ့ဒီအစီအစဉ်မှာ ပါဝင်ခဲ့ကြပါတယ်။

 

အဲ့ဒီ အစီအစဉ်ရဲ့ ရည်ရွယ်ချက်ကတော့ သူတို့စုံတွဲရဲ့ အိမ်ထောင်ရေး လက်ရှိပကတိအခြေအနေကို ထုတ်ဖော်ပြဖို့ဖြစ်ပြီး အားလပ်ရက်အပန်းဖြေအိမ်မှာ အတူတကွနေထိုင်တာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ သိပ်ကိုချစ်ဖို့ကောင်းတဲ့ ဆက်ဆံရေးကြောင့် နာမည်ကျော်ခဲ့ပြီး အဲ့ဒီအစီအစဉ်ထုတ်လုပ်သူတွေထဲက တစ်ယောက်က အဲ့ဒီအစီအစဉ်မှာကတည်းက ကတောက်ကဆတ်ဖြစ်ခဲ့တဲ့ အချိန်တွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီအစီအစဉ် ရိုက်နေတုန်းမှာ အန်ဂျယ်ယောင်းနဲ့ ဂူဟေဆွန်းတို့ဟာ ကင်မရာမရှိတဲ့ အခန်းတစ်ခုထဲကို သွားခဲ့တယ်လို့ အဲ့ဒီထုတ်လုပ်သူကဆိုပါတယ်။

 

အဲ့ဒီနောက် နာရီနဲ့ချီပြီး ရန်ဖြစ်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ အရမ်းကို အငြင်းပွားပြောဆိုမှုတွေကြောင့် ၆ နာရီလောက်ကြာတဲ့အထိ သူတို့နှစ်ယောက်ဟာ အခန်းထဲကနေ ပြန်ထွက်မလာခဲ့ဘူးလို့ဆိုပါတယ်။ သူတို့နှစ်ဦး ပူပူနွေးနွေး စုံတွဲဖြစ်တာကြောင့် ပဋိပက္ခတွေလည်း ရှိနေခဲ့ပြီး သူတို့ရဲ့ ဘဝနေထိုင်မှုပုံစံ လိုက်ဖက်ညီဖို့ ညှိယူနေကြတာလည်း ဖြစ်ပါတယ်။ မင်းသား အန်းဂျယ်ယောင်းဟာ ကွာရှင်းဖို့ တောင်းဆိုထားပေမယ့် ဂူဟေဆွန်းကတော့ ကွာရှင်းပေးဖို့ ငြင်းဆန်ထားပါတယ်။ အန်းဂျယ်ယောင်းဟာ မကြာခင်ထုတ်လွှင့်မယ့် ဒရာမာနဲ့ ကဏ္ဍစုံအစီအစဉ်တွေကြောင့် ဖြစ်နိုင်ရန် အမြန်ဆုံး ကွာရှင်းမှုကို ဖြေရှင်းချင်ပုံရနေပါတယ်။