ကြည့်ရှုသူ ဘီလီယံချီသွားတဲ့ BLACKPINK ရဲ့ DDU-DU DDU-DU
- Written by The Kpop Times
- Published in Music
တောင်ကိုရီးယားစံတော်ချိန် နိုဝင်ဘာလ ၁၁ရက်နေ့ ၇:၃၅ အချိန်မှာ BLACKPINK အဖွဲ့ရဲ့ "DDU-DU DDU-DU" သီချင်းဟာ YouTube မှာ ကြည့်ရှုသူပေါင်း ၁ ဘီလီယံကို ရောက်ရှိလာခဲ့ပါတယ်။
ဒီသီချင်းကိုတော့ ၂၀၁၈ ခုနှစ် ဇွန်လ ၁၅ရက်နေ့က ဖြန့်ချီခဲ့တာပါ။
BLACKPINK ဟာ YouTube မှာ ကြည့်ရှုသူ ဘီလီယံချီတဲ့ ပထမဆုံးသော K-Pop အဖွဲ့ဖြစ်လာခဲ့ပါပြီ။ ကြည့်ရှုသူ ဘီလီယံချီတဲ့ အခြားသောတောင်ကိုရီးယားအနုပညာရှင်ကတော့
မသိသူမရှိတဲ့ Gangnam Style နဲ့ Gentleman သီချင်းတွေကိုသီဆိုခဲ့တဲ့ PSY ဖြစ်ပါတယ်။
ဒီအောင်မြင်မှုဟာ BLACKPINK အဖွဲ့အတွက်တင်မဟုတ်ပဲ K-Pop အနုပညာလောကအတွက်ပါ ဂုဏ်ယူလောက်စရာမှတ်တိုင်တစ်ခုဖြစ်ပါတယ်။
Congratulations ပါ BLACKPINK နဲ့ BLINK တို့ရေ။
LAK/TheKpoptimes
Tagged under
Related Posts
-
၂၀၂၀ မှာပြုလုပ်မယ့် BLACKPINK အဖွဲ့ရဲ့ Comeback အစီအစဉ်ကို YG ကြေညာ
-
“Time 100 Next” စာရင်းမှာပါဝင်လာတဲ့ BLACKPINK
-
BLACKPINK အဖွဲ့ရဲ့ သီချင်းအသစ် မကြာခင်ထွက်လာတော့မယ်လို့ Jennie ပြော
-
နယ်လှည့်ဖျော်ဖြေပွဲတွေကနေ ဝင်ငွေအများဆုံး အဖွဲ့အဖြစ်ရပ်တည်နေတဲ့ Blackpink
-
ဆိုးလ်ဖျော်ဖြေပွဲမှာ Shawn Mendes နဲ့ တွေ့ဆုံခဲ့တဲ့ BLACKPINK အဖွဲ့ဝင် Jisoo, Lisa နဲ့ Jennie