Log in

မြောက်အမေရိက Concert Tour အချိန်ဇယားထွက်ရှိလာတဲ့ SuperM

SuperM အဖွဲ့ကတော့ လှုပ်ရှားမှုတွေဆက်တိုက်ပါပဲ။

ဒီအပတ်မှာပဲ ပွဲဦးထွက်မယ့် SuperM အဖွဲ့ရဲ့ ပထမဆုံးသော မြောက်အမေရိက tour ကို ကြေညာခဲ့ပါတယ်။

SuperM ဟာ သူတို့ရဲ့ "We Are The Future: Live" tour ကို နိုဝင်ဘာလ ၁၁ရက်နေ့မှာ တက်ကဆက်ပြည်နယ် ဖို့ဝပ်မြို့က Dickies Arena မှစတင်ကျင်းပမှာဖြစ်ပြီး နိုဝင်ဘာလဤ ၁၉ရက်နေ့မှာလည်း နယူးယောက်မြို့က နာမည်ကျော် Madison Square Garden မှာကျင်းပဦးမှာဖြစ်ပါတယ်။

concert များအတွက် လက်မှတ်တွေကိုတော့ ဒေသစံတော်ချိန် အောက်တိုဘာလ ၅ရက်နေ့ မနက် ၁၀နာရီမှာ စတင်ရောင်းချမှာဖြစ်ပါတယ်။ဝယ်ယူထားတဲ့ အွန်လိုင်းလက်မှတ်များဟာ အောက်တိုဘာလ ၄ရက်နေ့မှာထွက်ရှိမယ့် အယ်လ်ဘမ်ရဲ့ CD နဲ့အတူ ရရှိလာမှာဖြစ်ပါတယ်။

မြောက်အမေရိက tour မှနောက်ထပ်ကျင်းပမယ့်နေရာများကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

နိုဝင်ဘာလ ၁၁ရက်နေ့ — ဖို့ဝပ် Dickies Arena

နိုဝင်ဘာလ ၁၃ရက်နေ့ — ချီကာဂို United Center

နိုဝင်ဘာလ ၁၅ရက်နေ့ — အတ္တလန္တာ Infinite Energy Arena

နိုဝင်ဘာလ ၁၇ရက်နေ့ — ဝါရှင်တန် EagleBank Arena

နိုဝင်ဘာလ ၁၉ရက်နေ့ — နယူးယောက် Madison Square Garden

ဇန်နဝါရီလ ၃၀ရက်နေ့ — ဆန်ဒီယာဂို Viejas Arena

ဖေဖော်ဝါရီလ ၁ရက်နေ့ — လော့စ်အန်ဂျလီ The Forum

ဖေဖော်ဝါရီလ ၂ရက်နေ့ — ဆန်ဂျို့စ် SAP Center

ဖေဖော်ဝါရီလ ၄ရက်နေ့ — ဆီယက်တယ် ShoWare Center

ဖေဖော်ဝါရီလ ၆ရက်နေ့ — ဗန်ကူးဗား Pepsi Live at Rogers Arena

LAK/TheKpoptimes