Log in

EXO အဖွဲ့၏ COMEBACK ကို ဒီနှစ်အတွင်းပြုလုပ်ရန် စီစဉ်ထားကြောင်း KAI အတည်ပြု

  •  
  •  Written by Micky
  •  Published in Music

EXO အဖွဲ့ဟာ ဒီနှစ်အတွင်းမှာပဲ ပြန်လာတော့မှာဖြစ်ပါတယ်။

 

အောက်တိုဘာ

၂ ရက်၊ ကိုရီးယား စံတော်ချိန် နံနက် ၁၁ နာရီမှာ SHINee အဖွဲ့ဝင် Taemin ၊ EXO အဖွဲ့ဝင် Baekhyun နဲ့ Kai ၊ NCT127 အဖွဲ့ဝင် Taeyong နဲ့ Mark ၊ WayV အဖွဲ့ဝင် Lucas နဲ့ Ten တို့ပါဝင်တဲ့ SM အင်တာတိန်းမန့်ရဲ့ အဖွဲ့ဝင် ၇ ဦးပါဝင်တဲ့ ပရောဂျက်အဖွဲ့ဖြစ်တဲ့ SuperM အတွက် သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ပါတယ်။

အဖွဲ့ဝင်တွေအားလုံးက သူတို့ရဲ့ မူရင်းအဖွဲ့တွေနဲ့အတူ ပရိုမိုးရှင်းပြုလုပ်ကြတဲ့အကြောင်းနဲ့ ပတ်သက်လို့ Baekhyun က “ကျွန်တော်တို့ရဲ့ ပရိသတ်တွေက တော်တော်လေး စိတ်ပူနေကြပါတယ်။ သူတို့က ပြောကြတယ်။ တကယ်လို့ ကျွန်တော်တို့က SuperM အဖွဲ့အနေနဲ့ ပရိုမိုးရှင်းလုပ်မယ်ဆိုင် ကိုယ်ပိုင် သက်ဆိုင်ရာ အဖွဲ့တွေနဲ့ ပရိုမိုးရှင်းမလုပ်တော့ဘူးလားဆိုပြီး ပြောကြတယ်။ ဒါပေမယ့် ကျွန်တော်တို့က Super ဖြစ်ပါတယ်။ အဲ့ဒါက ခက်ခဲမှာပါ။ ဒါပေမယ့် ကျွန်တော်တို့က အဖွဲ့တွေနဲ့ရော SuperM အဖွဲ့နဲ့ရော ပရိုမိုးရှင်းတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။” လို့ဆိုပါတယ်။

EXO အဖွဲ့ရဲ့ comeback အစီအစဉ်နဲ့ပတ်သက်တဲ့ မေးခွန်းကို Kai က “ဒီနှစ်အတွင်မှာ EXO ရဲ့ Comeback အတွက် အစီအစဉ်တွေရှိပါတယ်။ EXO အဖွဲ့ဟာ EXO ဖြစ်လာမှာပါ။ SuperM အဖွဲ့က SuperM ဖြစ်လာမှာပါ။ ကျွန်တော်တို့ရဲ့ သက်ဆိုင်ရာအဖွဲ့တစ်ခုချင်းစီမှာလည်း ကျွန်တော်တု့ိကြိုးစားပြီး ပရိုမိုးရှင်းပြုလုပ်သွားမှာပါ။” လို့ဆိုပါတယ်။

SuperM အဖွဲ့ဟာ လာမယ့်အောက်တိုဘာ ၄ ရက်၊ ကိုရီးယားစံတော်ချိန် ညနေ ၆ နာရီမှာ “Jopping” အမည်ရ ခေါင်းစီးတေးပါဝင်တဲ့ ပထမဆုံး မီနီအယ်လ်ဘမ်နဲ့ ပွဲဦးထွက်လာမှာဖြစ်ပါတယ်။