Log in

ပြဿနာတွေဖြစ်နေတဲ့ "Arthdal Chronicles" စီးရီး ဂယက်

  •  
  •  Written by 
  •  Published in Music

Jang Dong-gun နဲ့ Song Joong-ki တို့ရဲ့ "Arthdal Chronicles" မှဝန်ထမ်းဟာ အာရုံစိုက်ခံခဲ့ရတဲ့ ရေရှည်လုပ်ငန်းအပါအဝင် အကြောင်းအရာအချို့ကို ပြောပြလာခဲ့ပါတယ်။

အနုပညာဌာနမှ ဝန်ထမ်းတစ်ယောက်ဟာ ၁၄ရက်နေ့က "သူတို့ရဲ့အာဏာတွေကို ငွေနဲ့အလွဲသုံးစားလုပ်တဲ့ မပြောင်းလဲတဲ့စနစ်ဟာ အမှန်တကယ်ရှိတဲ့ဖြစ်ရပ်ပါ ၊ အချိန်တိုင်းမှာ ကျွန်တော်တို့ ဆာလောင်ပြီး ချို့တဲ့ခဲ့ကြတယ်" ဆိုတဲ့စာနဲ့ပို့စ်တစ်ခုကိုတင်ခဲ့ပါတယ်။ သူဟာ အချို့ဝန်ထမ်းတွေရဲ့ ထိခိုက်မှုအဖြစ်အပျက်တွေကိုလည်း ပြောကြားထားခဲ့ပေမယ့် ရိုက်ကူးရေးမှ လုံခြုံမှုကင်းမဲ့ခြင်းဟာလည်း အရေးကြီးပါတယ်။

အရင်က အခြားဝန်ထမ်းတစ်ယောက်က "ကျွန်တာ်တို့ ဘရူနိုင်းမှာရိုက်ကူးရေးလုပ်တုန်းက တစ်နေ့မှာ ၂၄ နာရီ လုံးအလုပ်လုပ်ခဲ့တယ် ၊ မရပ်နားပဲဆက်တိုက် ၇ ရက်မှာ ၁၅၁ နာရီ နဲ့ ၃၀ မိနစ် အလုပ်လုပ်ခဲ့တယ်" လို့ပြောခဲ့ပြီး Hope စည်းလုံးညီညွှတ်ရေးအဖွဲ့အစည်း ၊ Hanbit မီဒီယာလုပ်ငန်း နဲ့ လူ့အခွင့်အရေးစင်တာ ရဲ့ ရိုက်ကူးရေးဝန်ထမ်းဌာနခွဲမှ အကူအညီတောင်းခဲ့တယ်။ ဒီအဖွဲ့အစည်းနှစ်ဖွဲ့လုံးဟာ လုပ်ငန်းစံချိန်စံညွှန်းများ ချိုးဖောက်ခြင်းစွဲချက်တွေအပေါ်မှာ လုပ်ငန်းစီမံခန့်ခွဲမှုအုပ်ချုပ်ရေး နဲ့ ဆိုးလ်မြို့ဆိုင်ရာအလုပ်အကိုင်ဌာန နဲ့အတူ Studio Dragon မှာ တိုင်ကြားချက်တစ်ခု တင်သွင်းခဲ့ပါတယ်။ ဒီဝန်ထမ်းမှ "နောက်ဆုံးမှာ ပြဿနာကဖြစ်လာခဲ့ပါပြီ" လို့ပြောခဲ့ပြီး ပြဿနာကိုတင်ပြခဲ့တဲ့သူကို ဝိုင်းပယ်ထားဖို့ လှုပ်ရှားမှုရှိခဲ့သလို သူ့အတွက် စိုးရိမ်ကြောက်လန့်နေခဲ့ပါတယ်။

"Arthdal Chronicles" ဟာ ဝမ် ဘီလီယံထက် တန်ဖိုးရှိတဲ့ ဒရာမာကြီးတစ်ခုပါ။ ကြိုတင်ထုတ်လုပ်ခဲ့တဲ့ ဒရာတစ်ခုဖြစ်ပြီး ရိုက်ကူးရေးလည်း ပြီးဆုံးခဲ့ပါပြီ။ ဒရာမာကို စက်တင်ဘာလမှာ စတင်ရိုက်ကူးခဲ့ပေမယ့် ပြသခွင့်ရက်ဟာ ဇွန်လမှာထွက်လာခဲ့တာနဲ့အတူ တရားစွဲဆိုမှုဖြစ်နေဆဲပါ။ တောင်ကိုရီးယားဒရာမာထဲမှာ ပထမဆုံးအနေနဲ့ ယခင်အကြိမ်တွေကို ဝေမျှခြင်းဖြင့် ဇာတ်ကောင်အထူးပြုလုပ်မှုတွေအတွက် ကွန်ပြူ တာရေးဆွဲမှုတွေအပါအဝင် ဝန်ထမ်းတွေရဲ့အလုပ်ကြိုးစားမှုကြောင့် ဒရာမာရဲ့ဒုတိယပိုင်းမှာ ဆက်လက်အလုပ်လုပ်ရဖို့ မျှော်လင့်ရပါတယ်။

ဒရာမာထုတ်လုပ်ရေးမှ "ကျွန်တော်တို့ တစ်ပတ်အတွင်း ၆၈ နာရီ ညွှန်ကြားမှုကို အများဆုံးတိုးချဲ့မှုဖြစ်နိုင်ဖို့ ဝန်ထမ်းတွေနဲ့ညှိနှိုင်းနေပါတယ် ၊ ဒါပေမယ့် ဒီအရာတွေဟာ အဖွဲ့ရဲ့အလုပ်ကြိုးစားမှုအပေါ်မှာမူတည်ပြီး ကွဲပြားနိုင်တယ်ဆိုတာ ကျေးဇူးပြု ပြီးနားလည်ပေးစေချင်ပါတယ်" လို့ပြောပါတယ်။

#BB