Log in
updated 8:01 AM UTC, Dec 13, 2019
Headlines:

ကြည့်ရှုသူ ဘီလီယံချီသွားတဲ့ BLACKPINK ရဲ့ DDU-DU DDU-DU

တောင်ကိုရီးယားစံတော်ချိန် နိုဝင်ဘာလ ၁၁ရက်နေ့ ၇:၃၅ အချိန်မှာ BLACKPINK အဖွဲ့ရဲ့ "DDU-DU DDU-DU" သီချင်းဟာ YouTube မှာ ကြည့်ရှုသူပေါင်း ၁ ဘီလီယံကို ရောက်ရှိလာခဲ့ပါတယ်။

Becky G မှ ပါဝင်သီဆိုပေးထားတဲ့ j-Hope ရဲ့သီချင်းသစ် "Chicken Noodle Soup"

BTS ရဲ့အဖွဲ့ဝင် j-Hope ဟာ ကိုရီးယားစံတော်ချိန် စက်တင်ဘာလ ၂၇ရက်နေ့ ညနေ ၆နာရီမှာ "Chicken Noodle Soup" လို့အမည်ပေးထားတဲ့ သူ့ရဲ့သီချင်းအသစ်ကို ဖြန့်ချီသွားမှာပါ။ ဒီသီချင်းအသစ်မှာတော့ အဆိုတော်မလေး Becky G မှာ featuring ပါဝင်သီဆိုပေးထားပါတယ်။

အယ်လ်ဘမ်အသစ်မှာလည်း အားကောင်းလှတဲ့ အသံစွမ်းရည်ကို ဖော်ပြထားပြန်တဲ့ EXO ရဲ့ Chen

EXO အဖွဲ့ဝင် Chen ရဲ့ တစ်ကိုယ်တော်အယ်လ်ဘမ်အသစ် "Dear My Dear" အတွက် teaser ဓာတ်ပုံတွေထွက်ရှိလာပြန်ပါပြီ။ ဒီဓာတ်ပုံတွေထဲမှာတော့ အသွင်သစ်တစ်မျိုးနဲ့အတူ ဆွဲဆောင်မှုရှိနေတဲ့ Chen ကိုမြင်တွေ့ရမှာပါ။

ဓာတ်ပုံတွေတင်မကပဲ Chen ရဲ့ အားကောင်းလှတဲ့ အသံချိုချိုလေးနဲ့ သီဆိုထားတဲ့ သီချင်းတွေရဲ့ဗီဒီယိုအတိုလေးတစ်ခုလည်း ထွက်ရှိလာပါတယ်။

EXO Chen 1

ဒီဗီဒီယိုလေးထဲမှာတော့ အယ်လ်ဘမ်အသစ်မှာပါဝင်တဲ့ သီချင်းတွေအားလုံးရဲ့အတိုချုပ်တစ်ခုချင်းစီကို ပေါင်းထားတာပါ။

EXO Chen 2

ပါဝင်တဲ့သီချင်းတွေကတော့ "You Never Know" ၊ "Amaranth" နဲ့ "Hold Me Tight" ဆိုတဲ့သီချင်းတွေပဲဖြစ်ပါတယ်။

EXO Chen 3

"Dear My Dear" ဆိုတဲ့အယ်လ်ဘမ်အသစ်လေးက အောက်တိုဘာလ ၁ရက်နေ့မှာ ထွက်ရှိလာမှာဆိုတော့ Chen ရဲ့သီချင်းအသစ်တွေကို နားဆင်ဖို့ စောင့်မျှော်နေကြမယ်လို့ ထင်ပါတယ်။

 

LAK/TheKpoptimes

Subscribe to this RSS feed