Log in

ရုပ်ရှင်အသစ်မှာ ပါဝင်လာတော့မယ့် ပတ်ဆောဂျွန်း

  •  
  •  Written by Micky
  •  Published in Movie

မင်းသား ပတ်ဆောဂျွန်းဟာ ငွေရောင်ပိတ်ကားထက်ကို ပြန်လည်ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

အောက်တိုဘာ ၃ ရက်မှာ “Dream” ရုပ်ရှင်ထုတ်လုပ်သူတွေက “ပတ်ဆောဂျွန်းဟာ ‘Extreme Job’ ဒါရိုက်တာ လီဗြောင်ဟွန်းရဲ့ ရုပ်ရှင်အသစ်မှာ ပါဝင်လာမယ်လို့ အတည်ပြုခဲ့ပါတယ်။” လို့ ကြေညာခဲ့ပါတယ်။

“Dream” ရုပ်ရှင်မှာ ပတ်ဆောဂျွန်းဟာ မျှော်လင့်အထားတဲ့ ဖြစ်ရပ်တစ်ခုမှာ အဖမ်းခံခဲ့ရပြီးတဲ့နောက် စည်းမျဉ်းဖောက်ဖျက်မှုတားမြစ်ချက်နဲ့ ကန့်သတ်ခံခဲ့ရတဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမား ယွန်ဟုံဒယ် အဖြစ် သရုပ်ဆောင်ထားပါတယ်။ သူရဲ့တစ်ဘဝလုံးမှာ ကမောက်ကမဖြစ်ခဲ့ရပြီးတဲ့နောက် ယွန်းဟုံဒယ်ဟာ အတွေ့အကြုံမရှိတဲ့ ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဘောလုံးအသင်းရဲ့ နည်းပြဖြစ်လာခဲ့ပါတယ်။

“Extreme Job” လိုမျိုး ရုံဝင်ငွေ စံချိန်တင်ခဲ့တဲ့ ရုပ်ရှင်နဲ့ JTBC ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့တဲ့ “Melo Is My Nature” ဒရာမာတို့ရဲ့ ဒါရိုက်တာ လီဗြောင်ဟွန်းက အဲ့ဒီရုပ်ရှင်ကို ကိုင်တွယ်မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ရိုက်ကူးမယ်ဆိုပြီး ပြင်ဆင်ထားခဲ့တာတော့ ကြာပါပြီ။ ၂၀၁၆ ခုနှစ်မှာ မင်းသမီး လီဂျောင်ဆော့၊ ၂၀၁၇ ခုနှစ်မှာ မင်းသား ဆောဂန်ဂျွန်းတို့ကို ခေါင်းဆောင်မင်းသားအဖြစ် တင်ရိုက်မယ်ဆိုပြီး စီစဉ်နေခဲ့တာဖြစ်ပါတယ်။

“Dream” ရုပ်ရှင်ကို ၂၀၂၀ ပြည့်နှစ်မှာ ရိုက်ကူးဖို့ ပြင်ဆင်ထားပါတယ်။