Log in

'Life Is Beautiful' ရုပ်ရှင်မှာ သရုပ်ဆောင်မယ့်် အုမ်ဆောင်းအူ

  •  
  •  Written by Micky
  •  Published in Movie

အဆိုတော်၊ မင်းသား အုမ်ဆောင်းအူ ဟာ မကြာခင် ရုပ်ရှင်တစ်ခုမှာ ပွဲဦးထွက်လာမယ်လို့ သိရပါတယ်။

စက်တင်ဘာ ၃၀ ရက်မှာ သူ့ရဲ့အေဂျင်စီ Fantagio ကနေ သူဟာ ၂၀၁၆ ခုနှစ်က “Split” ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ချွဲကွက်ဟီရိုက်ကူးမယ့် 'Life Is Beautiful’ ရုပ်ရှင်မှာ ပါဝင်မယ်လို့ ကြေညာခဲ့ပါတယ်။

အဲ့ဒီရုပ်ရှင်ကတော့ ကျောင်းသူဘဝတုန်းက ချစ်ဦးသူကို ရှာဖွေဖို့ ခင်ပွန်းဖြစ်သူကို သူမတူတဲ့ မွေးနေ့ တောင်းဆိုမှု တစ်ခုပြုလုပ်ခဲ့တဲ့ အိမ်ထောင်ရှင်အမျိုးသမီး တစ်ယောက်အကြောင်း ဖြစ်ပါတယ်။ မင်းသား အုမ်ဆောင်းအူရဲ့ ဇာတ်ရုပ်ကတော့ အခုအထိ မသိရသေးပေမယ့် သူဟာ အဲ့ဒီဇာတ်လမ်းမှာ အဓိက အပိုင်းကနေ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

'Life Is Beautiful' ရုပ်ရှင်ကိုလာမယ့်အောက်တိုဘာလထဲမှာ ရိုက်ကူးတော့မှာဖြစ်ပါတယ်။