Log in

သည်းထိတ်ရင်ဖိုရုပ်ရှင်မှာ ပါဝင်လာမယ့် ဆိုဂျီဆပ်

  •  
  •  Written by Micky
  •  Published in Movie

မင်းသား ဆိုဂျီဆပ်ဟာ ရုပ်ရှင်အသစ်တစ်ခုမှာ ပါဝင်လာတော့မှာပါ။ ‘

Confession’ ရုပ်ရှင်မှာ မင်းသားဆိုဂျီဆပ် ဟာ ခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်လာမှာဖြစ်တယ်လို့ TV Daily မီဒီယာက စက်တင်ဘာ ၂၆ မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီနောက် မရှေးမနှောင်းမှာပဲ ဆိုဂျီဆပ်ရဲ့ အေဂျင်စီ 51K ရဲ့ သတင်းရင်းမြစ်က “ဆိုဂျီဆပ်ဟာ ‘Confession’ ဆိုတဲ့ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်မှာပါ။ ရိုက်ကူးရေးကို အခုနှစ်ကုန်ပိုင်းမှာ စတင်မှာ ဖြစ်ပါတယ်။” လို့ဆိုပါတယ်။

“Confession” ဆိုတဲ့ရုပ်ရှင်ကတော့ နာမည်ကျော် “Along With the Gods” တွေကို ဖန်တီးခဲ့တဲ့ ထုတ်လုပ်ရေး ကုမ္ပဏီက ဖန်တီးမယ့် သည်းထိတ်ရင်ဖိုရုပ်ရှင်ဖြစ်ပါတယ်။ အဲ့ဒီရုပ်ရှင်ကို “Marine Boy” ဒါရိုက်တာ ယွန်းဂျုံဆော့က ရိုက်ကူးမှာဖြစ်ပါတယ်။ TV Report ရဲ့အဆိုအရ ထုတ်လုပ်သူတွေဟာ အမျိုးသမီး ဇာတ်ဆောင်အဖြစ် ပါဝင်မယ့်သူတွေကို ရှာဖွေနေတယ်လို့လည်း ဆိုပါတယ်။ သရုပ်ဆောင်ရွေးချယ်ရေး လုပ်ငန်းပြီးဆုံးပြီဆိုရင်တော့ လာမယ့် ဒီဇင်ဘာလမှာ ရိုက်ကူးရေးမှာ စတင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

မင်းသား ဆိုဂျီဆပ်ဟာ ၂၀၁၈ ခုနှစ်မှာ “Terius Behind Me” ဒရာမာမှာ ပါဝင်ခဲ့ပြီး “Be With You” ရုပ်ရှင်မှာလည်း သရုပ်ဆောင်ခဲ့ပါတယ်။