Log in

'Wonderland' ရုပ်ရှင်မှာ ဆူဇီနဲ့အတူပါဝင်ဖို့ ဆွေးနွေးနေတဲ့ မင်းသား ပတ်ဘိုဂွန်း

  •  
  •  Written by Micky
  •  Published in Movie

စက်တင်ဘာ ၂၅ ရက်မှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရ မင်းသားပတ်ဘိုဂွန်းဟာ ဒါရိုကတာ ကင်ထယ်ယုံး ရိုက်ကူးမယ့် 'Wonderland' ဆိုတဲ့ ရုပ်ရှင်အသစ်အတွင်ဇာတ်ညွှန်းကို လက်ရှိမှာ သုံးသပ်နေတယ်လို့ သိရပါတယ်။

မကြာသေးခင်တုန်းကတော့ 'Wonderland' ရုပ်ရှင်ဟာ ဒါရိုက်တာ ကင်ထယ်ယုံးက ၂၀၁၄ ခုနှစ်မှာ မင်းသမီး တန်ဝေနဲ့ လက်ထပ်ခဲ့ပြီးတဲ့နောက် ပထမဆုံးပြန်လည်ရိုက်ကူးမယ့် ရုပ်ရှင်ဖြစ်တာကြောင့် ပရိသတ်တော်တော်များများက စိတ်ဝင်စားနေခဲ့ကြတာပဲဖြစ်ပါတယ်။ ရုပ်ရှင်အတွက် ကနဦးအဆင့် စီစဉ်နေဆဲ မှာပဲ မင်းသမီး ဆူဇီနဲ့ မင်းသား ချွဲဝူရှစ်တို့က ပါဝင်လာမယ်လို့ အတည်ပြုထားပြီး ဖြစ်ပါတယ်။

မင်းသား ပတ်ဘိုဂွန်းကတော့ 'Seo Bok' ရုပ်ရှင်ပြီးတဲ့နောက် သူ့ရဲ့ နောက်ထပ်ရိုက်ကူးမယ့် ရုပ်ရှင်အဖြစ် စဉ်းစားနေတယ်လို့ သိရပါတယ်။ တကယ်လို့သာ မင်းသားအနေနဲ့ ပါဝင်လာဖြစ်မယ်ဆိုရင်တော့ 'Wonderland' ရုပ်ရှင်မှာ ဆူဇီရဲ့ ချစ်သူဇာတ်ရုပ်ကနေ ပါဝင်လာမှာပဲဖြစ်ပါတယ်။ အဲ့ဒီရုပ်ရှင်ဟာ ဒရာမာအမျိုးအစားဖြစ်ပြီး ရောယှက်နေတဲ့ ဇာတ်ကောင်တွေရဲ့ နေထိုင်မှု ဘဝပုံစံအကြောင်းတွေကို ဇာတ်အိမ်တည်မှာပဲ ဖြစ်ပါတယ်။ မင်းသား ပတ်ဘိုဂွန်းနဲ့ မင်းသမီး ဆူဇီတို့ကတော့ အရင်တုန်းက နှစ်နှစ်ဆက်တိုက် 'Baeksang Arts Awards' ဆုပေးပွဲမှာ အစီအစဉ်တင်ဆက်သူတွေအဖြစ် ဆောင်ရွက်ခဲ့ကြဖူးပါတယ်။