Log in

ကိုရီးယားမှာ ကြည့်ရှုသူ ၁ သန်းကျော်ရှိပြီး ရုံဝင်ငွေ ထိပ်ဆုံးရောက်နေတဲ့ “The Bad Guys: Reign Of Chaos” ရုပ်ရှင်

  •  
  •  Written by Micky
  •  Published in Movie

“The Bad Guys: Reign Of Chaos” ရုပ်ရှင်ဟာ စတင်ပြသအပြီး ၃ ရက်အတွင်းမှာပဲ ကြည့်ရှုသူ ၁ သန်းကျော်သွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီရုပ်ရှင်ဟာ OCN ရုပ်သံကနေ ထုတ်လွှင့်ခဲ့တဲ့ “Bad Guys” ဇာတ်လမ်းတွဲရဲ့ သီးခြားခွဲထွက်ရုပ်ရှင်ဖြစ်ပြီး Ma Dong Seok, Kim Sang Joong နဲ့ Kang Ye Won တို့လို မူရင်းသရုပ်ဆောင်တွေအပြင် Jang Ki Yong နဲ့ Kim Ah Joong တို့လို သရုပ်ဆောင်အသစ်တွေလည်း ပါဝင်လာပါတယ်။

ဇာတ်လမ်းအကြောင်းအရာကတော့ ထောင်ယာဉ်တန်းတစ်ခုကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ အန္တရာယ်ရှိတဲ့ ထောင်သားတွေကို ပြန်လည်ဖမ်းဆီးရမယ့် အထူးရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာနခွဲအကြောင်း ဇာတ်အိမ်တည်ထားတာပါ။

စတင်ပြသခဲ့ပြီးတဲ့ ဒုတိယမြောက်နေ့မှာပဲ အဲ့ဒီရုပ်ရှင်ဟာ ကိုရီးယားရုံဝင်ငွေစာရင်းမှာ ထိပ်ဆုံးကို ရောက်ခဲ့တာပါ။ စက်တင်ဘာ ၁၃ ရက်၊ ကိုရီးယားစံတော်ချိန် ညနေ ၁ နာရီ ၄၀ မိနစ်အချိန်မှာ ကြည့်ရှုသူ ပရိသတ်အရေအတွက်ဟာ ၁ သန်းကျော်ကို ရောက်ရှိခဲ့တာပါ။ အခုနှစ်အစောပိုင်းတုန်းက ကြည့်ရှုတဲ့ ပရိသတ် ၁ ဒဿမ ၂ သန်းရှိခဲ့ပြီး ဝင်ငွေအများဆုံး စံချိန်တင်ကိုရီးယားရုပ်ရှင်ဖြစ်လာခဲ့တဲ့ “Extreme Job” ရုပ်ရှင်ရဲ့ လူကြည့်နှုန်းများပုံအတိုင်း တဖြည်းဖြည်းများပြားလာတာလည်း ဖြစ်ပါတယ်။

ပရိသတ် ၁ သန်းကျော်ကြည့်ရှုတာကို ဂုဏ်ပြုဖို့ ပါဝင်တဲ့ သရုပ်ဆောင်တွေဟာ ဓာတ်ပုံတစ်ပုံကို ရိုက်ကူးခဲ့ကြပြီး အဲ့ဒီဓာတ်ပုံထဲမှာဆိုရင် “၁ သန်း” လို့ရေးထားတဲ့ စာသားကို ကိုင်ဆောင်ထားကြတဲ့ Kim Sang Joong, Kim Ah Joong, Jang Ki Yong နဲ့ ဒါရိုက်တာ Son Yong Ho တို့ပါဝင်ပါတယ်။