Log in

ဟောလိဝုဒ်ပွဲဦးထွက်အဖြစ် “A Dog’s Journey” မှာပါဝင်ဖြစ်တဲ့အကြောင်း ပြောပြလာတဲ့ Henry

  •  
  •  Written by Micky
  •  Published in Movie

Henry ဟာ မကြာသေးခင်ကပဲ “A Dog’s Journey” ဆိုတဲ့ရုပ်ရှင်နဲ့ဟောလိဝုဒ်ပွဲဦးထွက်အဖြစ် ပါဝင်လာခဲ့ပါပြီ။

သူဟာ အဓိကဇာတ်ဆောင်မင်းသမီးရဲ့ အချစ်ဆုံးသူငယ်ချင်းနဲ့ ချစ်ရသူ ထရန့်ဆိုတဲ့ ဇာတ်ရုပ်ကနေ ပါဝင်ခဲ့တာပါ။ သူဟာ မကြာသေးခင်တုန်းက Video Star အစီအစဉ်မှာ ပါဝင်ခဲ့ပြီး အခုလိုမျိုး ဟောလိဝုဒ် ရုပ်ရှင်မှာ ပွဲဦးထွက်အဖြစ် သရုပ်ဆောင်ခဲ့ရတဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။

 

သူက “ကျွန်တော်ရိုးရိုးသားသားပြောရရင် ဒီဟောလိဝုဒ် ရုပ်ရှင်တစ်ခုမှာ ပါဝင်ရဖို့ အခွင့်အလမ်းတစ်ခု ရရှိခဲ့တာ ဟာ အံ့သြမိပြီး ဂုဏ်ယူမိပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်က အဓိကဇာတ်ကောင်ပါ။ ‘A Dog’s Journey’ လို့ခေါ်တဲ့ ခွေးလေးတစ်ကောင်အကြောင်း ဇာတ်လမ်းဖြစ်ပါတယ်။” လို့ ဆိုပါတယ်။ သူပါဝင်ခဲ့ဖူးတဲ့ ကိုရီးယား ဒရာမာတွေကို ထုတ်လုပ်သူတွေက မြင်တွေ့ခဲ့ပြီးတဲ့နောက် အခုလိုမျိုး ထုတ်လုပ်သူတွေရဲ့ ခေါ်ယူရိုက်ကူးတာကို ခံခဲ့ရတာဖြစ်ပါတယ်။ ထုတ်လုပ်သူတွေက သူ့ဆီဖုန်းခေါ်ခဲ့ပြီးတော့ Henry ဟာ အဲ့ဒီဇာတ်ကောင်အတွက် အသင့်လျော်ဆုံးဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

သူက “ကျွန်တော် တရုတ်နိုင်ငံမှာ တခြားရုပ်ရှင်တစ်ခုကို ရိုက်နေတုန်း Henry နဲ့ အသင့်လျော်ဆုံးဇာတ်ရုပ် တစ်ခုရှိတယ်လို့ ပြောလာပါတယ်။ သူတို့ကျွန်တော့်အကြောင်း ဘယ်လိုသိသွားလဲ အံ့သြခဲ့ရပါတယ်။လွန်ခဲ့တဲ့ ၅ နှစ်လောက်တုန်းက ကျွန်တော် ရိုက်ခဲ့တဲ့ ကိုရီးယား ဒရာမာတစ်ခုကနေ သူတို့ကျွန်တော့်ကို တွေ့ခဲ့တာလို့ ပြောပါတယ်။ သူတို့က ဆိုဂျီဆပ်၊ ရှင်မင်အာတို့ပါဝင်ထားတဲ့ Oh My Venus စီးရီးကို ကြည့်ခဲ့တာပါ။ အဲ့ဒါကျွန်တော့်အတွက် အရမ်းအံ့သြသင့်ရပါတယ်။” လို့ဆိုပါတယ်။

နောက်ထပ် Henry ရိုက်မယ့် ဟောလိဝုဒ်ရုပ်ရှင်တွေကို မျှော်နေပါပြီနော်။