Banner Top

Member Area

BLACKPINK နဲ့ သူတို့ရဲ့အမှတ်အသား နှုတ်ခမ်းနီစတိုင်လေးများအကြောင်း

  •  BB
  • Category: Trend

BLACKPINK က ဖက်ရှင်အမြင်မြင့်တာကြောင့် သူတို့ရဲ့ကိုယ်ရည်ကိုယ်သွေး ၊မိတ်ကပ်စတိုင်တွေဟာကိုယ်ပိုင်ပုံစံတွေရှိပါတယ်။

 BLACKPINK and The Signature Lipstick Styles Of 4 Members 1

ဒီတစ်ခေါက်မှာတော့ သူတို့ရဲ့နှုတ်ခမ်းနီစတိုင်တွေအကြောင်းပြောပြပေးသွားမယ်နော်။

Jisoo

BLACKPINK and The Signature Lipstick Styles Of 4 Members 2

သူ့ရဲ့ အသည်းနှလုံးပုံစံ နှုတ်ခမ်းဖူးဖူးလေးနဲ့ ချစ်စရာကောင်းတဲ့မျက်နှာပိုင်ရှင် Jisoo ကတော့ သူ့ရဲ့အပေါ်နှုတ်ခမ်းကနည်းနည်းပါးတာကြောင့်ပိုပြီးပြည့်ပြည့်လေးဖြစ်အောင် နှုတ်ခမ်းနီနဲ့လုပ်တတ်ပါတယ်။

BLACKPINK and The Signature Lipstick Styles Of 4 Members 3

သူ့ရဲ့ပုံစံလေးကကျက်သရေရှိပြီးမိန်းကလေးဆန်တဲ့နတ်ဘုရားမလေးတစ်ပါးအလားပါပဲ။သူ့ကနူးညံ့သိမ်မွေ့တဲ့ပုံလေးပေါ်အောင် သန္တာရောင်နဲ့ မက်မွန်သီးရောင် တို့ကိုသုံးတတ်ပါတယ်။နည်းနည်းလေး နက်တဲ့ eyeshadow လေးနဲ့ဆို သူ့ရုပ်လေးက ကိုးရီးယားရဲ့ Miss လေးအလားပါပဲ။

BLACKPINK and The Signature Lipstick Styles Of 4 Members 4

Rose

BLACKPINK and The Signature Lipstick Styles Of 4 Members

Jisoo လို မြားနတ်မောင်ရဲ့ လေးကိုင်းလိုနှုတ်ခမ်းပိုင်ရှင် Rose က သူ့ရဲ့နှုတ်ခမ်းအဆုံးသတ်လေးတွေ မထင်မရှားဖြစ်အောင်လုပ်ရင်း သိမ်မွေ့တဲ့နတ်သမီးလေးနဲ့တောင်တူလာပါတယ်။

BLACKPINK and The Signature Lipstick Styles Of 4 Members 6

ကျက်သရေရှိတဲ့ အဓိကအဆိုရှင်ဖြစ်တဲ့သူကတော့ အရောင်ဖျော့လေးတွေကြိုက်ပါတယ်။ သန္တာရောင်ဖျော့ဖျော့လေးနဲ့ပန်းရောင်တွေကိုသုံးတတ်ပြီး အပေါ်ဘက်ကို နည်းနည်းတောက်အောင်လုပ်ထားတတ်ပါတယ်။

BLACKPINK and The Signature Lipstick Styles Of 4 Members 7
ဒါကတော့ သူ့ရဲ့နှုတ်ခမ်းအလှလျှို့ဝှက်ချက်လေးပါ။

Lisa

BLACKPINK and The Signature Lipstick Styles Of 4 Members 8

သူကတော့ အမျိုးမျိုးကွဲပြားတဲ့မိတ်ကပ်စတိုင်နဲ့ဖက်ရှင်စတိုင်ရှိတဲ့သူပါ။ အနောက်တိုင်းမျက်နှာပေါက်မျိုးရှိတဲ့သူဟာ ဘယ်လိုစတိုင်နဲ့ဖြစ်ဖြစ်လူတိုင်းငေးကြည့်အောင်ကိုလိုက်ဖက်သူပါ။သူ့ရဲ့နှုတ်ခမ်းလေးကလဲဘာစတိုင်နဲ့ဖြစ်ဖြစ်လိုက်ဖက်စေပါတယ်။

BLACKPINK and The Signature Lipstick Styles Of 4 Members 9
ငယ်ရွယ်ပြီးချစ်စရာကောင်းတဲ့သူဟာ ပန်းရောင်တွေကိုအရောင်ပိုတောက်အောင်နှုတ်ခမ်းဆီထပ်လေ့ရှိပါတယ်။ ရင့်ကျက်တဲ့ပုံစံမျိုးအတွက်ဆိုသူက စွဲမက်ဖွယ်မိတ်ကပ်အပြင်အဆင်နဲ့အပြင် သူက အနီရောင်တောက်တောက် ဒါမှမဟုတ် ပြင်သစ် ဘာဂန်ဒီနယ်ဝိုင်နီအရောင်မျိုးကိုနှုတ်ခမ်းနီအဖြစ်သုံးပါတယ်။

BLACKPINK and The Signature Lipstick Styles Of 4 Members 10

Jennie

BLACKPINK and The Signature Lipstick Styles Of 4 Members 11

သူက ဆန့်ကျင့်ဘက်အလှနှစ်မျိုးကိုပိုင်ဆိုင်ထားသူပါ။ ကလေးလေးလိုချစ်စရာကောင်းပြီး အရွယ်ရောက်ပြီးသားမိန်းကလေးတစ်ယောက်ကိုဆွဲဆောင်မှုမျိုးလည်းရှိနေပါတယ်။

BLACKPINK and The Signature Lipstick Styles Of 4 Members 12

ဘယ်နေရာသွားသွား လူတွေကြားထဲမှာထင်ပေါ်နေတဲ့သူဟာ အနောက်တိုင်းအနုပညာရှင်တွေလို သဘာဝဆန်တဲ့နှုတ်ခမ်းနီရောင် ဒါမှမဟုတ် နှုတ်ခမ်းနီဖျော့ဖျော့ကိုသုံးပါတယ်။

BLACKPINK and The Signature Lipstick Styles Of 4 Members 13

သူသုံးတဲ့ပုံစံလေးက အာရှက အနုပညာရှင်တွေရဲ့အသားအရည်နဲ့တော့သိပ်မလိုက်လှပါဘူး။ဒါပေမဲ့ အဖွဲ့ရဲ့အဓိကရက်ပ်ပါဖြစ်တဲ့သူ့အတွက်ကတော့ဒီပုံစံလေးကကြည့်ကောင်းနေဆဲပါပဲ။

ပရိသတ်ကြီးရောဘယ်လိုပုံစံကိုအကြိုက်ဆုံးလဲ

#BB

ဆက်စပ်နေသော ရေးသားချက်များ

Banner Top