Banner Top

Member Area

ဆွေမျိုးမင်္ဂလာဆောင်မှာ 'Every Day, Every Moment' သီချင်းကို ကာဗာသီဆိုခဲ့တဲ့ EXO ရဲ့ Chanyeol

  •  WN
  • Category: Trend

Chanyeol ဟာ ဆွေမျိုးတစ်ယောက်ရဲ့ မင်္ဂလာအခမ်းအနားမှာ အထူးတင်ဆက်မှုတစ်ခုအတွက် သူရဲ့ဆွဲဆောင်မှုရှိတဲ့အသံကို အသုံးချခဲ့ပါတယ်။

အောက်တိုဘာ ၂၄ ရက်မှာ Chanyeol ကို သူ့ဆွေမျိုးတစ်ယောက်ရဲ့ မင်္ဂလာအခမ်းအနားတက်ရောက်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ သူဟာ အဲ့ဒီအခမ်းအနားကို လာရောက်ခဲ့ရုံသာမက သတို့သားနဲ့သတို့သမီးတို့အတွက် အထူးဂုဏ်ပြုသီချင်းတစ်ပုဒ်ကိုလည်း သီဆိုခဲ့ပါသေးတယ်။ Chanyeol ဟာ Paul Kim ရဲ့ 'Every Day, Every Moment' သီချင်းကို စင်ပေါ်မှာ ဖျော်ဖြေတင်ဆက်ခဲ့တာဖြစ်ပါတယ်။

1603683796832 1603683796832

လက်ရှိမှာတော့ အဲ့ဒီသီချင်းကို သီဆိုနေတဲ့ Chanyeol ရဲ့ဗီဒီယိုဖိုင်ဟာ အွန်လိုင်းအသိုင်းအဝန်းတော်တော်များများနဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတာကိုတွေ့ရပါတယ်။ ပရိသတ်တော်တော်များများကတော့ သူ့ရဲ့ ချိုသာတဲ့အသံကြောင့် အံ့သြခဲ့ကြပါတယ်။ မှတ်ချက်တွေမှာတော့ "သူဟာ ရက်ပ်ပါတစ်ယောက်ပဲ။ ဒါပေမယ့် သီချင်းလည်းကောင်းကောင်းဆိုနိုင်တယ်။" "တိုက်ရိုက်ကြည့်ပါရစေလို့ ဆုတောင်းခဲ့တာ။" "Chanyeol ဟာ သူ့ရဲ့ တင်ဆက်မှုနဲ့ နှလုံးသားတွေကို တကယ်အရည်ပျော်စေခဲ့တာပဲ။" ဆိုပြီး ဖော်ပြရေးသားနေကြပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top