Banner Top

Member Area

ဘဝရဲ့ အဓိပ္ပာယ်ကို ပြန်လည်တွေ့ရှိဖို့ ARMYတွေက ကူညီခဲ့တဲ့အကြောင်း ပြောခဲ့တဲ့ BTS အဖွဲ့ဝင် Jungkook

  •  mpc
  • Category: Trend

၂၀၂၀ ပြည့်နှစ်ဟာဆိုရင် လူတိုင်းအတွက် ခက်ခဲတဲ့နှစ်တစ်နှစ်ဖြစ်ပြီးတော့ အဲ့ဒီထဲမှာ BTS လည်း ပါဝင်ပါတယ်။

BTS အဖွဲ့ဝင်တွေဟာ ARMY တွေကို သတိရနေပြီး သူတို့နဲ့ဆက်သွယ်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေတာလည်း ဖြစ်ပါတယ်။ အောက်တိုဘာလ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့တွေမှာ BTSအဖွဲ့ဟာ "MAP OF THE SOUL ON:E" လို့အမည်ရတဲ့ အွန်လိုင်းဖျော်ဖြေပွဲပြုလုပ်ခဲ့ပြီး အဲ့ဒီဖျော်ဖြေပွဲမှာ "MAP OF THE SOUL: 7"အယ်လ်ဘမ်ထဲက သီချင်းတွေကို ဖျော်ဖြေခဲ့ပါတယ်။

ewtrfe vreh rgewfr4v vdf

မူလကတော့ ဒီဖျော်ဖြေမှုတွေထဲက တစ်ချို့ကို "MAP OF THE SOUL" ကမ္ဘာလှည့်ဖျော်ဖြေပွဲမှာ ပြသဖို့စီစဉ်ထားတာဖြစ်ပါတယ်။

ty ujy67ui6 eqrf23r

Jungkook ရဲ့ နောက်ဆုံး log မှာတော့ သူကပရိသတ်တွေနဲ့ ဖျော်ဖြေရတာနဲ့ မတူကြောင်းပြောခဲ့ပါတယ်။ သူက

"ကျွန်တော်တို့မကြာခင်ကပဲ ဖျော်ဖြေပွဲတစ်ခု ကျင်းပခဲ့တယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်အရမ်း အရမ်းကိုပျော်တယ်။ အဲ့ဒီနေ့တွေက ပရိသတ်တွေမရှိဘူး။ ကျွန်တော်တို့အနေနဲ့ပြောရရင် ကျွန်တော်တို့အရှေ့မှာ ARMY တွေမရှိဘူး။ အဲ့ဒါကြောင့် ကျွန်တော်တို့ဖျော်ဖြေပွဲမှာ ဘယ်လောက်ပဲကြိုးစားပြီးဖျော်ဖြေပါစေ ကျွန်တော်တို့ကို အော်ဟစ်အားပေးမယ့်သူတွေမရှိဘူး။ ကျွန်တော်တို့ ဖျော်ဖြေမှုတစ်ခု လုပ်ပြီးတိုင်းဒီဖျော်ဖြေမှု ကောင်းကောင်းထွက်လာလားဆိုတာပဲ စစ်ဆေးရတယ်။ ဒါကကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝလိုများ ဖြစ်လာနေပြီလားဆိုပြီး ကျွန်တော်အံ့သြခဲ့ရတယ်"

လို့ပြောကြားခဲ့ပါတယ်။

dwqdw trh hteh5ny

ဒါ့အပြင် ဒီ"MAP OF THE SOUL ON:E"အွန်လိုင်းဖျော်ဖြေပွဲမှာ ပရိသတ်တွေတိုက်ရိုက်ကြည့်ရှုနေတဲ့ ဗီဒီယိုတွေလည်း ပါဝင်ခဲ့တာဖြစ်ပြီး ဒီလိုမျိုး ARMY တွေကို မြင်နေရတာက သူတို့နဲ့အတူ ကခုန် ဖျော်ဖြေနေရသလို ခံစားချက်မျိုး ပြန်လည်ခံစားခဲ့ရကြောင်း ပြောခဲ့တဲ့အပြင် ARMY တွေကို မြင်ရပြီး သူတို့ရဲ့ အားပေးသံတွေကို ကြားရတာက သူ့ကို စတိတ်စင်ပေါ်မှာ လွတ်လပ်သွားစေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

"ဖျော်ဖြေပွဲရဲ့ မောင်းနှင်အား ၈၀ရာခိုင်နှုန်းကနေ ၉၀ရာခိုင်နှုန်းလောက်က ARMY တွေရဲ့ အော်ဟစ်အားပေးသံကနေ လာတာဖြစ်ပါတယ်။ သူတို့ကြည့်တဲ့အကြည့်တွေ၊ သူတို့ရဲ့ မျက်နှာအမူအရာတွေ နဲ့ ကျွန်တော်တို့သီချင်းကို နားထောင်နေစဉ်မှာ သူတို့ပျော်နေတာတွေ ကကျွန်တော့်ရဲ့ ခန္ဓာကိုယ်ထဲက အားအင်တွေကို ပိုပြီးတော့ထွက်လာစေတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကျင်းပခဲ့တဲ့ ဖျော်ဖြေပွဲမှာ ဒါတွေမရှိခဲ့ဘူး။ ကျွန်တော်တို့မှာ ambience effect တွေပဲ ရှိတာကြောင့် ဒါတွေကပဲ ကျွန်တော့်ကို အားအင်တွေပေးခဲ့တယ်"

လို့ ပြောခဲ့ပါတယ်။

rtgrg 5t y5j artf

"MAP OF THE SOULON:E"ဖျော်ဖြေပွဲကနေ ဘဝအဓိပ္ပာယ်ကို ထပ်မံတွေ့ရှိခဲ့တဲ့အတွက် ARMY တွေကို ကျေးဇူးတင်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ သူတို့မျက်နှာတွေကို မြင်ရတယ်။ အားပေးတဲ့အသံတွေကြားရတယ်။ ဒီဖျော်ဖြေပွဲကနေ ကျွန်တော့်ဘဝရဲ့ အဓိပ္ပာယ်ကို တဖန်ပြန်လည်တွေ့ရှိပြီး မျှော်လင့်ချက်တွေ ရှိလာတယ်လို့ ကျွန်တော်ထင်တယ်။ ဒါကြောင့် ကျွန်တော့်စိတ်တွေတည်ငြိမ်ပြီး အေးချမ်းလာတယ်။ဒီအတွက် ကျွန်တော်ရဲ့ ARMY တွေကို ကျေးဇူးအများကြီးပဲတင်ပါတယ်"

လို့ ပြောကြားခဲ့ပါတယ်။

Logအပြည့်အစုံကို အောက်မှာကြည့်ရှုနိုင်ပါတယ်။

 

#mpc

ဆက်စပ်နေသော ရေးသားချက်များ

Banner Top