Banner Top

Member Area

မင်းသား Lee Dong Wook အကြောင်း သိထားသင့်တဲ့ အချက်(၉)ချက်

  •  mpc
  • Category: Trend

တကယ်လို့ သင်ဟာ သေမင်း Lee Dong-wook ကို 'Goblin' ဒရမ်မာနဲ့ အရူးအမူးအားပေးတဲ့သူဆိုရင် မင်းသားဟာ နောက်ထပ် ထူးခြားဆန်းကြယ် ဒရမ်မာဖြစ်တဲ့ 'Tale of the Nine-Tailed 'နဲ့ ပြန်လာပြီဆိုတာသိရင် သင်အရမ်းဝမ်းသာသွားမှာပါ။

Viu မှာ ထုတ်လွှင့်ပြသနေပြီဖြစ်တဲ့ ဒီဒရမ်မာမှာဆိုရင် မင်းသားဟာ ထာဝရရှင်သန်နိုင်တဲ့ ဂူမီဟို (ဒဏ္ဍာရီလာအမြီးကိုးချောင်းရှိတဲ့မြေခွေး) Lee Yeon အဖြစ်ပါဝင်ထားပြီး သူဟာ လူ့လောကမှာရှိတဲ့ နတ်ဆိုးတွေကို တိုက်ခိုက်တဲ့သူဖြစ်ပါတယ်။

မင်းသမီး Jo Bo-ah ကတော့ လျှို့ဝှက်ဆန်းကြယ်မှုအစီအစဉ် ထုတ်လုပ်သူ Nam Ji-ah အဖြစ်ပါဝင်ထားပါတယ်။ ၂၀၁၆ ခုနှစ်က 'Mrs. Cop 2' ထွက်ပြီးကတည်းက မင်းသား ကင်ဘမ်းကိုသတိရနေကြတဲ့ ပရိသတ်တွေအတွက် ဒီကားမှာဆိုရင် ကင်ဘမ်း ဟာ Lee-yeon ရဲ့ မြေခွေးတစ်ဝက် လူသားတစ်ဝက် ညီ Lee-rang အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒီမှာတော့ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ထားတဲ့ Lee Yeonအကြောင်း စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်(၉)ချက်ကိုပြောပြသွားမှာပါ။

၁။ မိတ်ကပ်ပစ္စည်းတွေအတွက် မော်ဒယ်

20201016 dongwookmakeupline ig


မင်းသားဟာ မိတ်ကပ်ကုန်ပစ္စည်းတချို့အတွက် မော်ဒယ် ဖြစ်ပါတယ်။ အပြစ်အနာအဆာကင်းတဲ့အသားအရေ ရှင်းလင်းပြတ်သားတဲ့ မျကနှာသွင်ပြင်တွေပိုင်ဆိုင်ထားတဲ့ Dong-wook ဟာဆိုရင် ပြင်သစ်ဇိမ်ခံအမှတ်တံဆိပ် Chanel ရဲ့ Boy de Chanel အတွက် ပထမဆုံး မော်ဒယ် ဖြစ်လာတာအံ့သြစရာတော့ မဟုတ်ပါဘူး။ တောင်ကိုရီးယားနိုင်ငံမှာ ၂၀၁၈ ခုနှစ်က စတင်ဖြန့်ဖြူးခဲ့တဲ့ ဒီအမှတ်တံဆိပ်မှာဆိုရင် မိတ်ကပ်ပြင်ရာမှာမဖြစ်မနေလိုအပ်တဲ့ ပစ္စည်းတွေဖြစ်တဲ့ အောက်ခံမိတ်ကပ်အရည် ၊ နှုတ်ခမ်းဆီ နဲ့ concealer တွေပါဝင်ပြီး Dong-wook ဟာဆိုရင် ဒီအမှတ်တံဆိပ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ သံတမန်လည်း ဖြစ်ပါတယ်။

၂။ အောင်မြင်တဲ့ အစီအစဉ်တင်ဆက်သူ

e3abf686c17b4beaa1cabeb1f1407f8c


Dong-wook ဟာဆိုရင် အမျိုးမျိုးသောဒရမ်မာတွေနဲ့ ရုပ်ရှင်တွေမှာ သရုပ်ဆောင်ထားတဲ့ မင်းသားတစ်ယောက်ဖြစ်သလို များစွာသော ဆုပေးပွဲတွေနဲ့ ရသစုံရှိုးအစီအစဉ်တွေမှာလည်း အစီအစဉ်တင်ဆက်သူအဖြစ် ပါဝင်ခဲ့ပါတယ်။ မကြာခင်ကပဲ သူဟာ Produce X 101 အစီအစဉ်မှာ တင်ဆက်သူအဖြစ် ပါဝင်ခဲ့သလို Wook Talk (Because I want To Talk)လို့အမည်ရတဲ့ ကိုယ်ပိုင် talk show လည်းရှိပြီး အဲ့ဒီ talk show ကိုတော့ မင်းသား Gong Yoo နဲ့ အဆိုတော် BoA တို့ ဧည့်သည်အနေနဲ့ လာရောက်ခဲ့ဖူးပါတယ်။


၃။ မင်းသား Gong Yoo နဲ့ သူငယ်ချင်းလည်းဖြစ်သူ

145c0d5ebb564811a70e8a404b00d2c0
အဲ့ဒီtalk showမှာ Gong Yoo က Dong-wookဟာ အနေအေးတဲ့ပုံပေါ်ပေမယ့် တကယ်တော့ ချစ်စရာကောင်းပြီး သူ့ကိုလည်း heart emoticonပုံတွေနဲ့ စာတွေ မကြာခဏပို့လေးရှိကြောင်းပြောပြခဲ့ပါတယ်။ ဒါ့အပြင် သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက်နာမည်ပြောင်တွေလည်း ပေးထားကြပြီးတော့ Dong-wookက Gong Yooကို Kke Bi(Goblin) လို့ခေါ်ပြီး Gong Yoo ကတော့ Dong-wookကို Dong Seung(Dong-wookရဲ့နာမည်နဲ့ Grim Reaperရဲ့ ကိုရီးယားစာလုံးနဲ့ပေါင်းထားခြင်း)ဆိုပြီး ခေါ်ကြောင်းလည်း ပြောပြခဲ့ပါတယ်။

၄။ ခန္ဓာကိုယ် Super Fit ဖြစ်သူ

eadc63d488d8fdb6ca4c0a52b2bb78f3
Dong-wook ဟာ ပိန်ပိန်ပါးပါးလေးဖြစ်တယ်လို့ ထင်ရပေမယ့် သူ့ရဲ့ ကြည့်ကောင်းတဲ့ပုံစံကို မဂ္ဂဇင်းတွေနဲ့ ဒရမ်မာတွေမှာ ပြသခဲ့ပြီးသားဖြစ်ပါတယ်။ တိုင်ပေမှာကျင်းပတဲ့ ဖက်ရှင်ပွဲမှာ ပြည်တွင်းမီဒီယာတွေက သူ့ရဲ့ အမိုက်စား ခန္ဓာကိုယ်ရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်ကိုမေးမြန်းခဲ့ပါတယ်။ မင်းသားက သူဟာ စားရတာကိုကြိုက်ပေမယ့်လည်း သူက လွယ်လွယ်ကူကူနဲ့ဝလေ့ရှိတဲ့အတွက် လေ့ကျင့်ခန်းလုပ်ပြီးထိန်းသိမ်းရကြောင်း တစ်နေ့ကို ၂နာရီ ဒါမှမဟုတ် ၃နာရီကြာအောင် လေ့ကျင့်ခန်းပြုလုပ်ကြောင်း သူ့ရဲ့ တရားဝင် profileမှာ သူ့ရဲ့ အသက်ကို ပြောင်းပေးဖို့တောင် မန်နေဂျာကို မေးခဲ့ကြောင်း ရယ်ရယ်မောမောနဲ့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ မင်းသားဟာ အံ့သြဖို့ကောင်းတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတဲ့အပြင် သူ့ရဲ့ အမှန်တကယ်အသက်ဟာ ၃၉နှစ်ဖြစ်ပေမယ့် DNAရလဒ်မှာတော့ မင်းသားရဲ့အသက်ဟာ biological ageအရ ၃၂နှစ်ဖြစ်တယ်လို့ ဒီနှစ်အစောပိုင်းမှာ သူ့ရဲ့talk showမှာ ပြောကြားခဲ့ဖူးပါတယ်။


၅။ ရေခဲပြင်ဟော်ကီအားကစားရဲ့ ပရိသတ်တစ်ယောက်

20201016 hockeydongwook ig
၂၀၁၈ခုနှစ် ပြုံချန်းအိုလံပစ်ရဲ့ ဂုဏ်ထူးဆောင် သံတမန်ဖြစ်တဲ့အပြင် Czech Republice နဲ့ ဂျပန်တို့ ယှဉ်ပြိုင်ကစားမယ့် ရေခဲပြင်ဟော်ကီပွဲကို ကြည့်ဖို့အတွက် မင်းသားဟာ သူ့ရဲ့ fan clubကနေ ပရိသတ်တစ်ထောင်ကို ဖိတ်ကြားခဲ့ပြီး ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၀၀၀၀ကို ပွဲလက်မှတ်အတွက် အသုံးပြုခဲ့ပါတယ်။


၆။ ကြီးမားတဲ့ ကာတွန်းပရိသတ်တစ်ယောက်

20201016 comicdongwook ig
ရသစုံရှိုးအစီအစဉ်ဖြစ်တဲ့ Taxi မှာဆိုရင် မင်းသားက သူ့မှာ comicစာအုပ်၂၀၀ကျော်ရှိတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ မင်းသားဟာငယ်ငယ်တည်းက comic bookတွေဖတ်ရတာကြိုက်ပေမယ့် မိသားစုရဲ့ငွေရေးကြေးရေးအခြေအနေကြောင့် comic bookတွေကို မဝယ်နိုင်ခဲ့ပေမယ့်လည်း သူအသက်ကြီးလို့ အဆင်ပြေလာတဲ့အချိန်မှာ သူ့ရဲ့ငယ်ဘဝအိမ်မက်ကိုအကောင်အထည်ဖော်ခဲ့ကြောင်း ပြောပြခဲ့ပါတယ်။ ဒါ့အပြင် မင်းသားဟာ comicတွေဖတ်ရတာအပြင် အနာဂတ်မှာ ဒါရိုက်တာတစ်ယောက် ဖြစ်ချင်တဲ့ အိမ်မက်ရှိကြောင်းလည်း ပြောပြခဲ့ပါတယ်။


၇။ ရေဒီယို DJတစ်ယောက်

 20201016 radiodjdongwook ig


သရုပ်ဆောင်ခြင်းနဲ့ အစီအစဉ်တင်ဆက်သူအပြင် မင်းသားဟာ ရေဒီယို DJတစ်ယောက်လည်း ဖြစ်ပြီး စစ်တပ်မှာရှိစဉ်က ၈လတာကာလအတွင်းမှာ မင်းသား Kim Jae-wonနဲ့ တွဲဖက်ပြီးတော့ ရေဒီယိုရှိုးတစ်ခု ပြုလုပ်ခဲ့ဖူးပါတယ်။ ၂၀၁၇ခုနှစ်ကနေ ၂၀၁၈ခုနှစ်အထိ သူ့မှာ Lee Dong-wook's On The Air ဆိုတဲ့ ကိုယ်ပိုင်ရေဒီယို ပရိဂရမ်လည်း ရှိခဲ့ဖူးပါတယ်။


၈။ အယူသည်းသူ

20201016 dongwooksuperstition ig
မင်းသားဟာ သူ့ရဲ့အယူသည်းမှုတစ်ခုကို ပြောပြခဲ့ပြီး ဒါကတော့ တကယ်လို့သူဟာ ရိုက်ကူးဖို့ပြင်ဆင်နေစဉ် ဆံပင်က အဆင်မပြေဖြစ်ခဲ့တယ်ဆိုရင် အဲ့ဒီနေ့တစ်နေ့လုံး တစ်ခုခုဖြစ်လိမ့်မယ်လို့ ခံစားနေရကြောင်းနဲ့ အဲ့ဒီလိုနေ့တွေမှာဆို စိတ်တည်ငြိမ်အာင်ကြိုးစားရကြောင်း ပြောပြခဲ့ပါတယ်။

၉။ Ideal type က အမှီပြုလို့ရတဲ့သူ

20201016 flowersdongwook ig
လူတစ်ယောက်ရဲ့ ရုပ်ဆင်းသဏ္ဌာန်ထက် လွယ်လွယ်ကူကူတစ်ယောက်နဲ့ တစ်ယောက်ဆက်သွယ်ပြောဆိုနိုင်တဲ့ သူမျိူးကသာ သူ့ရဲ့ ideal typeဖြစ်ကြောင်း သူ့ရဲ့ talk show မှာ မင်းသားက ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် မင်းသားက သူ့ရဲ့ Ideal typeဟာ သူ့လိုမျိုး ဟာသဉာဏ်ရှိရမယ့်အပြင် သူအမှီပြုလို့ရမယ့်သူဖြစ်ဖို့လိုကြောင်းနဲ့ သူအခက်အခဲတွေကြုံရတဲ့ အချိန်မှာ သူ့ကိုနှစ်သိမ့်ပေးနိုင်ရမယ့်သူဖြစ်ဖို့လိုကြောင်း ပြောပြခဲ့ပါတယ်။

#mpc

Banner Top