Banner Top

Member Area

Refund Sister အဖွဲ့ ရဲ့ 'Don't Touch Me' သီချင်းကို Netizen တွေ ဘယ်လိုမြင်ကြသလဲ

  •  Real__emnl
  • Category: Trend

သီချင်းထွက်ထွက်ချင်း perfect all-kill ဖြစ်ခဲ့ပါတယ်။

တင်ဆက်သူ ယူဂျယ်ဆော့ ရဲ့ "How do you play" အစီအစဉ်ကနေထွက်ပေါ်လာတဲ့ Refund Sisters အဖွဲ့ဟာ အောက်တိုဘာလ ၁၇ ရက်နေ့မှာထုတ်လွှင့်ခဲ့တဲ့ MBC ရဲ့ Music Core အစီအစဉ်မှာသူတို့ရဲ့ပထမဆုံး single ဖြစ်တဲ့ "Don's Touch Me" နဲ့ပွဲဦးထွက်ခဲ့ပါတယ်။ 

ပရောဂျက်အဖွဲ့အနေနဲ့ အဖွဲ့ဝင်တွေအဖြစ် Man Ok(Uhm Jung Hwa)Chun Ok(Lee Hyori),Eun Bi (Jessi) နဲ့ Sil Bi(MAMAMOO အဖွဲ့ဝင် Hwa Sa) တို့ပါဝင်ပါတယ်။

ဂီတဗီဒီယိုရဲ့ Preview မှာ သူတို့ရဲ့ visual တွေကြောင့်အင်တာနက်အသုံးပြုသူတွေကြားရေပန်းစားခဲ့ပါတယ်။ အထူးသဖြင့် Lee Hyori အပေါ်အာရုံစိုက်မှုတွေဟာအင်တာနက်အသုံးပြုသူတွေအပေါ်လွှမ်းမိုးထားနိုင်တာကိုတွေ့ရပါတယ်။

မှတ်ချက်တချို့တွေကတော့

"အစ်မ ဆိုးလ်ကိုပြန်လာခဲ့ပါ"
"အားလုံး စူပါစတားအဖြစ်မွေးဖွားလာသလိုပဲ"
"သူ့ကိုကြည့်ရတာ Taylor Swift လိုပဲ"
"ငါ ဘယ်တော့မှ Hyori လိုကြိုးစားနိုင်မှာမဟုတ်ဘူး"


အစရှိတဲ့မှတ်ချက်တွေကိုရေးသားထားကြပါတယ်။

 

#Real__emnl

ဆက်စပ်နေသော ရေးသားချက်များ

Banner Top