Banner Top

Member Area

‘’Flower Of Evil‘’ စီးရီးထဲက မင်းသား Kim Ji Hoon ရဲ့ ဇာတ်ကားအတွက် အားထုတ်မှုများ

  •  NR
  • Category: Trend

ASTRO အဖွဲ့ဝင် Cha Eun Woo နဲ့တူတယ်ဆိုပြီး K-Poper တွေကြားထဲမှာ နာမည်ကြီးလာတဲ့ သရုပ်ဆောင် Kim Ji Hoon ဟာဆိုရင် tvN ရုပ်သံကနေ ပြသခဲ့တဲ့ ‘’Flower Of Evil ‘’ ဆိုတဲ့ စိတ္တဇ လူသတ်သမား ဇာတ်လမ်းထဲမှာ သူရဲ့ ပီပြင်လှတဲ့ သရုပ်ဆောင်မှုတွေနဲ့ ပရိသတ်တွေရဲ့ စိတ်ထဲမှာနေရာရရှိပြီးသားဖြစ်ပါတယ်။


ဒီဇာတ်ကားထဲမှာဆိုရင် သူရဲ့ကြောက်စရာကောင်းလှတဲ့ သရုပ်ဆောင်ချက် မျက်စိမလွှဲနိင်လောက်အောင် တောင့်တင်းတဲ့ ခန္ဓာကိုယ် ....ရူးလောက်တဲ့ဆံပင်ရှည်ရှည်ကောက်ကောက်လေးနဲ့ အရင်ကနဲ့မတူတဲ့ သူရဲ့ပုံစံအသစ်နဲ့ ပရိသတ်တွေကို အံသြစေခဲ့ပါတယ်။

yjr hegh rtg


မင်းသား Kim Ji Hoon ဟာ ဒီဇာတ်ကားအတွက် ပြင်ဆင်မှုတွေကို ၂၀၁၉ ခုနှစ်လောက်ထဲက လုပ်နေခဲ့တာပါ။ ‘’Flower of Evil ‘’ ဒရာမာရဲ့ ပထမဉီးဆုံးဓာတ်ပုံရိုက်ကူးမှုထဲမှာကတည်းက သူဟာ ဒီဇာတ်လမ်းအတွက်အသင့်တော်ဆုံး စိတ္တဇလူသတ်သမား ဇာတ်ကောင်ပဲဆိုတာ လက်ခံခဲ့ရပါတယ်။

ujyuj erg

 

မင်းသား Kim Ji Hoon ဟာဆိုရင် သူရဲ့ ဇာတ်ကောင်အတွက် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို လျှိ့ဝှက်ထားသေးပါတယ်နော်။ ၂၀၂၀ ပြည့်နှစ်ဇန်နဝါရီလ အထိမှာတောင်သူရဲ့ ပုံစံကို လျှိ့ဝှက်ထားတုန်းဖြစ်ပါတယ်။ အဲ့တုန်းကတောင်သူရဲ့ အရင်ကပုံကိုပဲ Instagram မှာတင်ထားပါတယ်။ အသေးစိတ်ကျလွန်းပါတယ်။

rgg hergh

၂၀၁၉ ခုနှစ် အကုန်လောက်မှာမှ သူရဲ့ ဆံပင်ရှည်ရှည် ခပ်ကြမ်းကြမ်းဆွဲဆောင်မှုအပြည်နဲ့ ပုံကို Instagram မှာတင်ခဲ့ပါတယ်။


၂၀၂၀ ပြည့်နှစ် မတ်လ လောက်မှာ မင်းသား Kim Ji Hoon ဟာသူရဲ့အရင်ပုံရိပ် ချစ်ဖို့ကောင်းတဲ့ကောင်လေးကနေ ကြွက်သားကြွယ်ဝတဲ့ ကောင်လေး အဖြစ်ပြောင်းလဲ သွားပြီဆိုတာကို Instagram မှာပုံတင်ကာ ပရိသတ်တွေကို ပြန်ပြီးအံသြစေခဲ့ပြန်ပါတယ်။

hees i5ujo

ဒါတင်မကသေးပါဘူး မင်းသား Kim Ji Hoon ဟာဆိုရင် သူ့ရဲ့ အစားရှောင်အစီအစဉ်အကြောင်းကိုလည်းပြောပြခဲ့ပါသေးတယ်။

“တကယ်လို့ သင်ဟာ ပြတ်တောင်းပြတ်တောင်း အစားရှောင်မှု ကို ပထမဆုံး လုပ်တော့မယ်ဆိုရင် 8:16 ဆိုတဲ့ အစားစားချိန် အချိန်ဇယားကို လိုက်နာဖို့တော့လိုပါတယ် ကိုယ်အစားစားတဲ့အချိန် ၈ နာရီအတွင်းမှာ တစ်နေ့တာမှာလိုအပ်တဲ့ ကယ်လိုရီ ၊ အာဟာရဖြစ်စေမဲ့ အစားအသောက်တွေအကုန်စားရပါမယ်။ တကယ်လို့အဲ့ဒီလိုမျိုးမစားပေးဘူးဆိုရင် ကိုယ်ကျန်းမားရေးအတွက်ရော ၊ ကိုယ်ခံအားအတွက်ပါ မကောင်းနိုင်ပါဘူး ကြာလာရင်သင့်ကို ပင်ပန်းစေပါတယ်။ ကျွန်တော့်အတွက်ကတော့ တစ်နေ့ကို ထမင်းသုံးခါပုံမှန် စားခြင်းထက် ဒီ အစားရှောင်အစီအစဉ်ကပိုပြီးလွယ်ကူပါတယ်။"
..Kim Ji Hoon ….

 

ဒီလိုခန္ဓာကိုယ် ရရှိဖို့နဲ့ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် သူဟာ အစားရှောင်အစီအစဉ်နဲ့ လေ့ကျင့်ခန်းတွေကို အမြဲ မပျက်မကွက် လုပ်လေ့ရှိပါတယ်။ သူဟာ သုံးလအတွင်းမှာ ခန္ဓာကိုယ်အဆီရာခိုင်နှုန်း ၁၀ ဒဿမ ၃ ကနေ ၆ ဒဿမ ၂ အထိ အထိလျှော့ချနိင်ခဲ့ကြောင်းကိုလဲ ပြောပြခဲ့ပါတယ်။

eqfdqD DQQ


၂၀၂၀ ပြည့်နှစ် ဇူလိုင်လ မှာ ‘’Flower Of Evil’’ ဒရာမာရဲ့ ရိုက်ကူးရေးတွေ ပြီးခါနီးအထိတောင်မှ သူရဲ့ ပုံစံဖြစ်တဲ့ ခေတ်မီပြီး ယောကျာ်းဆန်တဲ့ ပုံစံကို ဆက်လက်ပြီးထိန်းသိမ်းထားလျှက်ရှိပါတယ်။ မင်းသား Kim Ji Hoon ရဲ့ဒီပုံစံ အသစ်ဟာဆိုရင် ပရိသတ်တွေရဲ့ ချီးကျူးမှုတွေကို ရရှိခဲ့ပါတယ် .. သူ့ရဲ့ဒီလိုမျိုးပုံစံကို တခါမှမမြင်ဖူးတဲ့ ကိုရီးယားဒရာမာ အချို့ကတော့
အံသြလျှက်ရှိနေဆဲပါတယ်။

 

သူ့အကြောင်း

 နာမည် : Kim Ji-Hoon (ကင်ဂျီဟွန်း)
 မွေးနေ့: ၁၉၈၁ ခုနှစ်၊ မေလ ၉ ရက်
 မွေးရပ်: South Korea
 အရပ် : ၁၇၇ စင်တီမီတာ
 သွေးအမျိုးအစား : အို
 Instagram: jiraishin99


သူ့ရဲ့ နာမည်ကြီးတဲ့ ဇာတ်လမ်းတွေကတော့ The Golden Age of Daughters-in-Law (2007),
Love Marriage (also known as Matchmaker's Lover, 2008),
Stars Falling from the Sky (also known as Wish Upon a Star, 2010),
My Cute Guys (2012). အစရှိတဲ့ အချစ်ဟာသ ဇာတ်ကားများ
ဒါ့အပြင် ၂၀၁၀ ပြည့်နှစ်မှာ Natalie ဆိုတဲ့ရုပ်ရှင်၊ ထူးဆန်ထွေလာဇာတ်လမ်း Unsolved ( Joseon X- Files) စီးရီး မှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ လူအများစုသိချင်နေကြမယ်လို့ ထင်တဲ့ သတင်းလေးကတော့ အသက် ၃၉ နှစ်ရှိပြီးဖြစ်တဲ့ စိတ္တဇလူသတ်သမားလေးဟာ Single ပါ။ သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သတ်ပြီး တော်တော်လျှို့ဝှက်တက်သူလည်းဖြစ်ပါတယ်နော်။

#NR 

Banner Top