Banner Top

Member Area

ပွဲဦးထွက်စင်မြင့်မှာ ကိုရီးယား Netizen တွေကိုအံ့ဩစေခဲ့တဲ့ NCT အဖွဲ့ဝင် Shotaro

  •  Real__emnl
  • Category: Trend

NCT ရဲ့အဖွဲ့ဝင်အသစ်ဖြစ်တဲ့ Shotaro ဟာသူ့ရဲ့အထင်ကြီးစရာကောင်းတဲ့အကအရည်အသွေးတွေကို ပြသခဲ့ပါတယ်။

Shotaro ဟာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာထုတ်လွှင့်ခဲ့တဲ့ M!Countdown မှာ သူ့ရဲ့ပထမဆုံးတိုက်ရိုက်တင်ဆက်မှုကိုပြသခဲ့ပါတယ်။ သူဟာ SM အင်တာတိန်းမန့်ရဲ့ လက်အောက်မှာ ၃ လမျှသာလေ့ကျင့်သင်ကြားခဲ့ပြီး သူ့ရဲ့စင်မြင့်ပေါ်ကအရည်အသွေးကြောင့် အကောင်းဆုံးချီးမွမ်းခံခဲ့ရပါတယ်။

wdwd fe

သူဟာ အဖွဲ့ရဲ့ Center နေရာကိုလည်းအများဆုံးပိုင်ဆိုင်ခဲ့ပြီး အဖွဲ့ထဲမှလေ့ကျင့်ချိန်အတိုတောင်းဆုံးဖြစ်ပေမဲ့ ကျန်အဖွဲ့ဝင်များနဲ့တသားတည်းကျခဲ့တဲ့အတွက် ချီးကျူးခံရတာလည်းဖြစ်ပါတယ်။

အထူးသဖြင့် NCT Dream ရဲ့ Boom သီချင်းကာဗာမှာဆိုရင် ခက်ခဲတဲ့လှုပ်ရှားမှာတွေကိုအလွယ်တကူလုပ်ပြနိုင်ခဲ့ပါတယ်။ Shotaro ဟာ တောင်ကိုရီးယားအခြေစိုက် SM အင်တာတိန်းမန့် လက်အောက်မရောက်ခင်
ဂျပန်နိုင်ငံရဲ့နာမည်ကြီးအကအဖွဲ့ဝင်တစ်ဦးလည်းဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ပွဲဦးမထွက်ခင် အကဗီဒီယိုတွေမှာတော့ အထင်ကြီးစရာကောင်းတဲ့လှုပ်ရှားမှုတွေနဲ့နူးညံ့မှုတွေကိုတွေ့မြင်နိုင်ပါတယ်။

Netizen တွေချီးကျူးခဲ့တဲ့သူ့ရဲ့အကြောင်းတွေကတော့


"ငါကြည့်လိုက်တဲ့ M!Countdown stage မှာ သူကတာအကောင်းဆုံးပဲ" " ငါက SM stan မဟုတ်ဘူး SM idol တွေရဲ့အကြောင်းကိုလည်းမသိဘူး ဒါပေမဲ့ သူကတော့ လေ့ကျင့်ရေး သက်တမ်း ၃ လပဲရှိသေးမယ်လို့မထင်ခဲ့ဘူး" "ငါ အကနဲ့ပတ်သက်ပြီးသိပ်မသိပေမဲ့ သူကတာ အရမ်းတော်တာပဲ " " ပွဲဦးထွက်ကိုဂုဏ်ပြုပါတယ်နော်" " ငါက တခြားအဖွဲ့ရဲ့ပရိသတ်ပါ ဒါပေမဲ့ သူကတာ အရမ်းပေါ့ပြီး ကြည့်ကောင်းနေတာပဲ"

 

စတဲ့မှတ်ချက်ပေါင်းများစွာကိုရေးထားကြပါတယ်။


ပရိသတ်တော်တော်များများကတော့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ပထမဆုံးမိတ်ဆက်တဲ့အခါမှာ စိုးရိမ်ခဲ့ကြပေမဲ့ သူကတော့အခက်အခဲမရှိကျော်လွှားနိုင်ခဲ့ပါတယ်။
Shotaro ရေ ပွဲဦးထွက်အတွက်ဂုဏ်ယူပါတယ်နော်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top