Banner Top

Member Area

သက်တမ်းတစ်လျှောက် ရရှိခဲ့တဲ့စိတ်ဖိစီးမှုအကြောင်းပြောဆိုခဲ့တဲ့ BLACKPINK

  •  Real__emnl
  • Category: Trend

BLACKPINK ရဲ့ မှတ်တမ်းရုပ်ရှင်ဖြစ်တဲ့ 'Blackpink:Light Up The Sky' ဟာ မကြာသေးမီအချိန်ကထွက်လာခဲ့ပါတယ်။

အဲ့ဒီ မှတ်တမ်းရုပ်ရှင်မှာတော့ Kpop ရဲ့အအောင်မြင်ဆုံး အဖွဲ့တစ်ခုဖြစ်လာဖို့ BLACKPINK အနေနဲ့ ဘယ်လိုဖြတ်သန်းလာခဲ့တဲ့အကြောင်းပြသခဲ့ပါတယ်။

edfwe gretg3rb

အဲ့ဒီမှတ်တမ်းရုပ်ရှင်မှာတော့ ဂျပန်မှာလုပ်မယ့် ပွဲတစ်ခုအတွက်အထုပ်အပိုးပြင်ရင်း အဖွဲ့ဝင် Jisoo ဟာ သူတို့ရဲ့သက်တမ်းတစ်လျှောက် ကြုံခဲ့ရတဲ့ အခက်အခဲတွေကိုပြောကြားခဲ့တာပဲဖြစ်ပါတယ်။

Jisoo ရဲ့ အဆိုအရ Blackpink ရဲ့လှုပ်ရှားမှုလုပ်ငန်းတိုင်းဟာ အရမ်းပင်ပန်းခဲ့ကြောင်း၊ ဒါ့ကြောင့် အနားယူချင်ခဲ့ကြောင်း၊ ဒါပေမယ့်လည်းသူတို့ရဲ့ လှုပ်ရှားမှုလုပ်ငန်း တွေမရှိတဲ့အချိန်မှာတော့ သူ့အနေနဲ့ အလုပ်မရှိလို့ စိတ်ဖိစီးမှုလည်းရရှိခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ ဒါဟာ Jisoo ရဲ့ idol သက်တမ်းတစ်လျှောက် အကြီးမားဆုံးဘေးကျပ်နံကျပ်တစ်ခုပဲဖြစ်တယ်လို့ပြောကြားခဲ့တာပဲဖြစ်ပါတယ်။

အဲ့ဒီနောက် Rose' က သူတို့ရဲ့အလုပ်ဟာအနိမ့်အမြင့်အတက်အကျများစွာရှိကြောင်းကျပန်းတစ်ခုလိုမျိုး သူတို့ရဲ့အနုပညာလှုပ်ရှားမှုတွေဟာ ပုံမှန်မရှိခဲ့ကြောင်း၊ ဒီ idol အသက်မွေးဝမ်းကျောင်းတစ်လျှောက်မှာ အကြီးမားဆုံးသောစိန်ခေါ်မှုတွေဘယ်လောက်ကြာရှည်မလဲဆိုတာမသိရှိကြောင်း ပြောကြားခဲ့တာပဲဖြစ်ပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top