Banner Top

Member Area

Kpop တတိယမျိုးဆက်တွေထဲမှာ All-Kill သရဖူဆောင်းခဲ့သူ Hwasa

  •  PMST
  • Category: Trend

MAMAMOO အဖွဲ့ဝင် Hwasa ဟာ အောက်တိုဘာလ ၁၂ရက်နေ့ရေတွက်မှုအရ သူ့ရဲ့ မျိုးဆက်အတွင်း အဖွဲ့လိုက်သီချင်း၊ တကိုယ်တော်သီချင်း၊ collaboration သီချင်း၊ ပရောဂျက် သီချင်းဒါမှမဟုတ် အဖွဲ့ခွဲသီချင်းတွေနဲ့ All-kills ရရှိခဲ့တဲ့ ပထမဆုံးနဲ့တစ်ဦးတည်းသော အသံအားကောင်းတဲ့အဆိုတော်တစ်ယောက် ဖြစ်လာပါတယ်။

vggffgfgefg jyjh

Hwasa က သူ့ရဲ့ ပထမဆုံး All-Kill ကို MAMAMOO အဖွဲ့နဲ့ ရရှိခဲ့တာပါ။သူတို့ရဲ့ ပွဲဦးထွက် စတူဒီယိုအယ်လ်ဘမ် "Melting"ထဲက ၄ ပုဒ်မြောက် single သီချင်း "You're the Best"ကို ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလမှာ ထုတ်ဝေခဲ့ပြီးချင်းမှာဘဲ အားပေးဂုဏ်ပြုမှုတွေ ရရှိခဲ့ပါတယ်။ "You're the Best"က ထုတ်ဝေပြီး မကြာမီမှာပဲ Realtime All-Kill ရခဲ့ပြီး နောက်ပိုင်းမှာ Perfect All-Kill လည်း ထပ်မံရခဲ့ပါတယ်။

နောက်ထပ် Hwasa က နာမည်ကျော် ရက်ပ်ပါ Loco နဲ့လည်း ၂၀၁၈ခုနှစ်မှာ "Don't" ကို တွဲဖက်သီဆိုခဲ့ပါတယ်။ Netizenေ တွဟာ စစ်မှန်တဲ့ သီချင်းစာသားတွေနဲ့အံ့သြဖို့ကောင်းလှတဲ့ အသံပါဝါတို့ရဲ့ ပေါင်းစပ်မှုကြောင့် သီချင်းကို ကြိုက်နှစ်သက် အားပေးခဲ့ကြပါတယ်။ အဲ့ဒီသီချင်းကို ထုတ်ဝေပြီး ၂ရက်မှာတင် Realtime All-Kill,Certified All-Kill နဲ့ နောက်ဆုံး PAKကိုပါ ရရှိခဲ့ပါတယ်။

efewfe nmtetwrfwqe3rewr

ဒါပေမဲ့ Hwasa ဟာ အဲ့ဒီလောက်နဲ့တင် ရပ်တန့်မနေဘဲ နောက်ထပ် သူ့ရဲ့ တကိုယ်တော်သီချင်းမှာလည်း All-Kill ရခဲ့ပါတယ်။ဒီလို ရရှိခဲ့ပြီးတဲ့နောက်မှာတော့ ကိုရီးယား တေးဂီတဇယားတွေဟာ ပြောင်းလဲမှုတွေ လုပ်ခဲ့ပြီး IUက ၂၀၁၉ခုနှစ်အတွင်း PAK ရရှိခဲ့တဲ့ တဦးတည်းသော အမျိုးသမီး တကိုယ်တော်အဆိုတော်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့Hwasa ရဲ့ "Twit" သီချင်းဟာလည်း ၂၀၁၉ ခုနှစ်မှာ ထုတ်ဝေခဲ့တာဖြစ်ပြီး Realtime Chart မှာ၁၀ ကြိမ်ထပ်မနည်း All-Kill ရခဲ့ပါတယ်။

grgtrt4j23ar53r

ထပ်မံပြီးတော့လည်း Hwasa ဟာ သူ့ရဲ့ All-Kill ဇယားမှာ သမိုင်းတခု ထပ်မံရေးထိုးခဲ့ပါတယ်။ဒီနှစ်အစောပိုင်းမှာ MBCရဲ့Hangout with Yoo က ကပရောဂျက် မိန်းကလေးအဖွဲ့ တစ်ခုဖြစ်တဲ့ "Refund Sister" ကိုHwasa, Jessi, Lee Chun Ok, Uhm Jung Hwa တို့နဲ့ ဖွဲ့စည်းခဲ့ပါတယ်။

အဲ့ဒီအစီအစဉ်ကနေ SSAK23ကိုလည်း ဖွဲ့စည်းခဲ့တာဖြစ်ပြီး နာမည်ကြီးအဖွဲ့ဝင် Lee Hyori က သူ့ရဲ့ စိတ်ကူးယဉ်ဖန်တီးထားတဲ့ အမျိုးသမီးအဖွဲ့ကိုHwasa, Jessi, Uhm Jung Hwa တို့နဲ့ နာမည်ပေးဖွဲ့ခဲ့တာပါ။
သူ့ရဲ့ ရွေးချယ်မှုဟာ သေချာပေါက် ကောင်းမွန်ခဲ့ပြီး Refund Sister ဟာ ပွဲဦးထွက်ခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့မှာတင်ဇယားတွေမှာ ထိပ်ဆုံးရောက်ခဲ့ပါတယ်။"Don't Touch Me" သီချင်းဟာ ထုတ်ဝေပြီးချင်းမှာဘဲ ပထမဆုံး PAK ကို ရရှိခဲ့တာပါ။

gwrtgwtnjy5ty4rt3

ဒါတွေကြောင့် Hwasa ဟာ တတိယမျိုးဆက်မှာ အဖွဲ့လိုက်သီချင်း၊ တကိုယ်တော်သီချင်း၊ collaboration သီချင်း၊ ပရောဂျက် သီချင်း ဒါမှမဟုတ် အဖွဲ့ခွဲသီချင်းတို့နဲ့ All-Killsရရှိခဲ့တဲ့ ပထမဆုံးနဲ့တဦးတည်းသော idol တယောက် ဖြစ်လာတာပါ။

Hwasa က ဒုတိယမျိုးဆက်ရဲ့နာမည်ကျော်တယောက်ဖြစ်တဲ့ Taeyeon လိုဘဲ Girl Generation,Girl's Generation-TTS("TaeTiSeo"), Crush ပါဝင်ကူညီဆိုပေးထားတဲ့ "Don't Forget", သူမရဲ့ တကိုယ်တော်သီချင်းတွေနဲ့ All-Killရခဲ့တဲ့ သူတယောက်ဖြစ်လာပါတယ်။

fgwefewbgtewftrqwerq

All-Kill တကြိမ်ရဖို့တောင် မလွယ်ကူပါဘူး..ဒါကြောင့် ဒီလို အံသြစရာကောင်းတဲ့ အောင်မြင်မှုတွေ ရခဲ့တဲ့ Hwasaအတွက် ဂုဏ်ယူပါတယ်။

#PMST

ဆက်စပ်နေသော ရေးသားချက်များ

Banner Top