Banner Top

Member Area

'2020 BBMAs' ပွဲအတွက် အင်ချွန်းလေဆိပ်မှာ ရိုက်ကူးခဲ့တဲ့ BTS အဖွဲ့ရဲ့ 'Dynamite' သီချင်း

  •  mpc
  • Category: Trend

အောက်တိုဘာလ ၁၄ ရက်နေ့မှာ BTSအဖွဲ့ဟာ 'Hot 100' မှာပါဝင်ခဲ့တဲ့ သီချင်းဖြစ်တဲ့ "Dynamite"သီချင်းကို အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ရိုက်ကူးထားတဲ့ ဗီဒီယိုပေးပို့ပြီး '2020 Billboard Music Awards' ပွဲကို လူကိုယ်တိုင်အစား တက်ရောက်ခဲ့ပါတယ်။

unnamed 1

အဲ့ဒီဗီဒီယိုထဲမှာတော့ BTS အဖွဲ့ဟာ လေဆိပ်ဂိတ်ပေါက်ရဲ့ ကျယ်ဝန်းတဲ့ အတွင်းပိုင်းမှာကပြဖျော်ဖြေထားပြီး jazz တီးဝိုင်းကတော့ ဒစ်ဂျစ်တယ်နည်းပညာအကူအညီ ရယူပြီး LED စခရင်ကနေ ပူးပေါင်းတင်ဆက်ထားပါတယ်။ ဒါ့အပြင် BTS အဖွဲ့ဟာ '2020 BBMAs' ပွဲမှာ Top Duo/Group ဆုနဲ့ Top Social Artistဆုတို့မှာ ဆန်ခါတင်စာရင်းဝင်ခဲ့ပြီး Top Social Artist ဆုရရှိခဲ့ပါတယ်။

ဒီဆုဟာ BTSအဖွဲ့အတွက် ၄ ကြိမ်ဆက်တိုက်ရရှိခဲ့တဲ့ ဆုလည်းဖြစ်ပါတယ်။ BTS အဖွဲ့ဟာ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ 'BE' လို့အမည်ရတဲ့ အယ်လ်ဘမ်အသစ်နဲ့အတူ comebackပြန်လာတော့မှာလည်း ဖြစ်ပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top