Banner Top

Member Area

သီချင်း ပရိုမိုးရှင်းလုပ်နေချိန်မှာ HyunA နဲ့အတူသွားအတူလာရှိနေတဲ့ Dawn

Dawn ဟာပရိုမိုးရှင်းအချိန်ဇယားအတွက်သူနဲ့အတူ ချစ်သူ HyunA ပါလာခဲ့တာကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အောက်တိုဘာ ၁၃ ရက်မှ ာSBS ရဲ့ Power FM ရေဒီယိုမှ 'Choi Hwa Jung's Power Time' ထုတ်လွှင့်မှုမှာ DJ Choi Hwa Jung က Dawn ကို“မင်းတစ်ယောက်တည်းလာခဲ့ပုံမရဘူး” လို့ပြောခဲ့ပါတယ်။

သူက“ ကျွန်တော့် ချစ်သူ HyunA နဲ့အတူလာခဲ့တယ်” လို့ပြန်လည်ပြောဆိုခဲ့ပါတယ်။ HyunA ကသူနဲ့ အမြဲလိုက်လာလေ့ရှိပါသလားလို့မေးတဲ့အခါမှာ Dawn က“ သူမလိုက်ပါဘူး၊ ဒါပေမယ့်သူ ဒီနေ့မနက်မှာကားထဲကိုရုတ်တရက်ဝင်သွားတယ်။ Choi Hwa Jung ကသူ့ကိုနောက်ဆုံးအကြိမ်လက်ဆောင်ပေးခဲ့တယ်၊ ဒါကြောင့်မင်းကိုလက်ဆောင်ပေးဖို့ပြန်ရောက်လာတာ ဖြစ်မယ်" လို့ဆိုထားပါတယ်။

Choi Hwa Jung က “မင်းရဲ့မိန်းကလေးက အခုအစီအစဉ်ကို နားထောင်နေတယ်လို့ ပြောလာတဲ့အခါ မင်း စိတ်မလှုပ်ရှားဘူးလား" လို့မေးခဲ့ပါတယ်။
အဲ့ဒီနောက် Dawn က "သူက ကျနော့်ရဲ့ ပုံပန်းသွင်ပြင်တွေကို စောင့်ကြည့်နေကျ၊ ကျနော့်ကို စောင့်ရှောက်နေကျဆိုတော့ အဆင်ပြေပါတယ်။" လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

အဲဒီနောက်ရေဒီယို အစီအစဉ် ဧည့်သည်ဖြစ်သူ Ailee က“ မင်းတို့နှစ်ယောက်ဟာ ဧည့်သည်တွေအနေနဲ့ လာတယ်လို့ ငါကထင်နေတာ။ ငါရက်မှားလာခဲ့ပြီဆိုပြီးတော့ပေါ့။" လို့ဆိုပါတယ်။

အခြားသတင်းတွေမှာတော့ Ailee က"When We Were in Love" သီချင်းကို မကြာသေးခင်က ဖြန့်ချိထားပြီး Dawn ကတော့ JESSI နဲ့အတူ သီဆိုထားတဲ့ "DAWNDIDIDAWN" နဲ့အတူပြန်လာခဲ့ပြီဖြစ်ပါတယ်။

#YuNandarHtun

Online Editor

ကိုရီးယား Kpop ချစ်သူများအတွက် ရုပ်သံဇာတ်လမ်းတွဲများ ၊ တေးသီချင်းများ ၊ နာမည်ကျော် ကိုရီးယား ရုပ်ရှင်သရုပ်ဆောင်တို့၏ လတ်တလော ဖြစ်ပေါ်နေသော အကြောင်းအရာများကို Website ပေါ်သို့ ထုတ်လွှင့်တင် ဆက်နေသူဖြစ်သည်။

Website: https://www.facebook.com/thekpoptimes

Banner Top