Banner Top

Member Area

BTS ပရိသတ်ဖြစ်နေလို့ တရုတ် ARMY တစ်ဦး အရိုက်ခံရဟုဆို

BTS ရဲ့ '6.25' ပြောဆိုချက်နဲ့ ပတ်သက်လို့ တရုတ်နိုင်ငံမှာ အငြင်းပွားမှုတွေ ဖြစ်ပေါ်နေပြီး အခုတဖန် Weibo မှာ လူပြောများလာတဲ့ကိစ္စကတော့ BTS ပရိသတ်ဖြစ်နေလို့ ကိုယ်ထိလက်ရောက် ရိုက်နှက်ခံခဲ့ရတယ်ဆိုတဲ့ လူတစ်ယောက် အကြောင်း ဖြစ်ပါတယ်။

အောက်တိုဘာ ၁၃ ရက်နေ့မှာ တွစ်တာလိုမျိုး တရုတ်နိုင်ငံက အကြီးမားဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်တဲ့ Weibo တင်ထားခဲ့တဲ့ပို့စ်တစ်ခုမှာ 'WeChat' ထဲက ပြောဆိုချက်တစ်ခု ဓာတ်ပုံကို ဖော်ပြထားပါတယ်။

1602608149 image


အဲ့ဒီပြောဆိုချက်ထဲမှာတော့ BTS ဆဲလ်ဖုန်းကာဗာကိုပိုင်ဆိုင်ထားတဲ့ တရုတ်နိုင်ငံသူတစ်ဦး ရိုက်နှက်ခံခဲ့ရတယ်ဆိုတဲ့ အကြောင်း ဖြစ်ပါတယ်။ BTS ဖုန်းကာဗာရှိတဲ့ အဲ့ဒီတရုတ်နိုင်ငံသူဟာ မျက်နှာမှာ ဒဏ်ရာရရှိခဲ့ပြီး ခြေထောက်လည်းကျိုးသွားခဲ့တယ်လို့ဆိုပါတယ်။ ရိုက်နှက်ခံရတာ အရမ်းပြင်းထန်လို့ ဆေးရုံတစ်လလောက် တက်ဖို့လိုအပ်တယ်လို့လည်း ဖော်ပြထားပါတယ်။
အဲ့ဒီပို့စ်ကို တင်ခဲ့တဲ့ အင်တာနက်အသုံးပြုသူတစ်ဦးကတော့ ရိုက်နှက်ခံရသူဟာ ဆေးရုံမှာ ကုသမှုခံယူမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ ဒါပေမယ့် အဲ့ဒီလိုရိုက်နှက်ခံရမှုဟာ တကယ်ဖြစ်ခဲ့တာခြင်း ဟုတ်၊ မဟုတ် တရားဝင်အတည်ပြုတာမျိုး မရှိသေးပေမယ့် Weibo မှာတော့ တော်တော်လေး ပျံ့နှံ့နေခဲ့တာဖြစ်ပါတယ်။

 

တခြားအင်တာနက်အသုံးပြုသူတွေကတော့ "သူဟာ BTS ကိုကြိုက်နေတာမို့လို့ အရိုက်ခံသင့်တယ်။" လို့ပြောဆိုနေကြပြီး တရုတ်နိုင်ငံသား တော်တော်များများကတော့ ရိုက်နှက်ခံရသူဟာ BTS ပရိသတ်တစ်ယောက်ဖြစ်နေလို့ဆိုပြီး ဝေဖန်ပြောဆိုနေကြပါတယ်။

မကြာသေးခင်တုန်းကတော့ BTS အဖွဲ့ဟာ တောင်ကိုရီးယား-အမေရိကန် ဆက်ဆံရေးကို အထောက်အကူပြုနိုင်ခဲ့တဲ့အတွက် ကိုရီးယားအသိုက်အဝန်းတစ်ခုထံကနေ Van Fleet ဆုကို ရရှိခဲ့ပါတယ်။ အဲ့ဒီဆုကို လက်ခံတဲ့အချိန် ပြောဆိုခဲ့တဲ့ မိန့်ခွန်းမှာ RM က "ကိုရီးယားအသိုက်အဝန်းရဲ့ ၂၀၂၀ ဂါလာကတော့ ဒီနှစ်မှာ ကိုရီးယားစစ်ပွဲ နှစ် ၇၀ ပြည့်တာမို့လို့ အဓိပ္ပါယ်ပြည့်စုံပါတယ်။ ကျနော်တို့ဟာ နှစ်နိုင်ငံကြားအတူတတကွမျှဝေခဲ့ကြတဲ့ နာကျင်မှုသမိုင်းကြောင်းနဲ့ မရေအတွက်နိုင်တဲ့ အမျိုးသား၊ အမျိုးသမီးတွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို ကျနော်တို့အမြဲတမ်း အမှတ်ရနေကြမှာ ဖြစ်ပါတယ်။" လို့ ပြောဆိုခဲ့ပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံတို့ကို ရည်ညွှန်းတဲ့ "နှစ်နိုင်ငံ" ဆိုတဲ့ အသုံးအနှုန်းနဲ့ပတ်သက်လို့ တရုတ်အင်တာနက်အသုံးပြုသူတွေက အရေးတယူပြောဆိုလာခဲ့ကြတာဖြစ်ပါတယ်။ BTS အဖွဲ့ဟာ ကိုရီးယားစစ်ပွဲအတွင်းမှာ တရုတ်စစ်သားတွေရဲ့ မြင့်မြတ်တဲ့ စွန့်လွှတ်အနစ်နာခံမှုကို မျက်ကွယ်ပြုထားတယ်လို့ တရုတ်အင်တာနက်အသုံးပြုသူတွေက ပြောဆိုခဲ့ကြပါတယ်။

Online Editor

ကိုရီးယား Kpop ချစ်သူများအတွက် ရုပ်သံဇာတ်လမ်းတွဲများ ၊ တေးသီချင်းများ ၊ နာမည်ကျော် ကိုရီးယား ရုပ်ရှင်သရုပ်ဆောင်တို့၏ လတ်တလော ဖြစ်ပေါ်နေသော အကြောင်းအရာများကို Website ပေါ်သို့ ထုတ်လွှင့်တင် ဆက်နေသူဖြစ်သည်။

Website: https://www.facebook.com/thekpoptimes

ဆက်စပ်နေသော ရေးသားချက်များ

Banner Top